SlideShare une entreprise Scribd logo
1  sur  68
Télécharger pour lire hors ligne
1
မန္တလေး တက္ကသိုလ်
နိုင်ငံတကာဆက်ဆံရေးပညာဌာန
နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာသင်တန်း
(အမှတ်စဉ် - ၁)
၂၀၁၄ / ၂၀၁၅
မြန်မာ့ပထဝီနိုင်ငံရေး လေ့လာဆန်းစစ်ချက်
နှင့်
တရုတ်နှင့် အိန္ဒိယအကြား မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး အရေးပါပုံ
(စက်တင်ဘာလ/ ၂၀၁၅)
1
မန္တလေး တက္ကသိုလ်
နိုင်ငံတကာဆက်ဆံရေးပညာဌာန
နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာသင်တန်း
(အမှတ်စဉ် - ၁)
၂၀၁၄ / ၂၀၁၅
မြန်မာ့ပထဝီနိုင်ငံရေး လေ့လာဆန်းစစ်ချက်
နှင့်
တရုတ်နှင့် အိန္ဒိယအကြား မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး အရေးပါပုံ
(စက်တင်ဘာလ/ ၂၀၁၅)
1
မန္တလေး တက္ကသိုလ်
နိုင်ငံတကာဆက်ဆံရေးပညာဌာန
နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာသင်တန်း
(အမှတ်စဉ် - ၁)
၂၀၁၄ / ၂၀၁၅
မြန်မာ့ပထဝီနိုင်ငံရေး လေ့လာဆန်းစစ်ချက်
နှင့်
တရုတ်နှင့် အိန္ဒိယအကြား မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး အရေးပါပုံ
(စက်တင်ဘာလ/ ၂၀၁၅)
2
မြန်မာ့ပထဝီနိုင်ငံရေး လေ့လာဆန်းစစ်ချက်
နှင့်
တရုတ်နှင့် အိန္ဒိယအကြား မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး အရေးပါပုံ
စာတမ်းရေးသားတင်သွင်းသည့် ကျောင်းသားများ
၁။ မောင်လှစိုးညွှန့် DPS – 4
၂။ မောင်အောင်ကိုကိုတိုး DPS – 10
၃။ မနန်းတင်တင်မြ DPS – 16
၎။ မောင်ထွန်းလင်း DPS – 35
၅။ မစုမြတ်ထက် DPS – 73
၆။ စောထိန်သိန်း DPS - 115
၇။ မောင်ပြည်သင်းနိုင် DPS – 139
3
မာတိကာ
စဉ် အကြောင်းအရာ စာမျက်နှာ
စာတမ်း အနှစ်ချုပ် ၅
နိဒါန်း ၆
(က) မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များ ၈
(ခ) ပထဝီနိုင်ငံရေးဆိုင်ရာ အချက်အလက်များ ၁၄
(ဂ) မြန်မာ့ ပထဝီနိုင်ငံရေးဆိုင်ရာ အခြေအနေများ ၂၆
(ဃ) ပထဝီနိုင်ငံရေးသဘောတရားများနှင့် ဆက်စပ်အကြောင်းတရားများ ၃၀
(င) နိုင်ငံတကာဆက်ဆံရေး အခြေအနေများ ၄၃
(စ) အထွေထွေ သုံးသပ်ချက်များ ၅၀
(၁) မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး ပြဿနာနှင့် စိန်ခေါ်ချက်များ
(၂) တရုတ်နှင့် အိန္ဒိယအကြား မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါပုံ
၅၀
၅၃
ကိုးကားစာရင်း ၆၈
နောက်ဆက်တွဲ ၆၉
4
ဤစာတမ်းသည် မြန်မာ့ပထဝီနိုင်ငံရေးကို တင်ပြထားသော စာတမ်းဖြစ်သည်။ စာတမ်း
အမျိုးအစားမှာ Literature Research အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံနှင့် ပက်သက်
သော အကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏ ပထဝီရေးရာအချက်အလက်များကို
မူတည်၍ ပထဝီနှင့် နိုင်ငံရေး ပက်သက်ဆက်စပ်နေပုံကို တင်ပြထားခြင်းဖြစ်သည်။
သုတေသနပုံစံမှာ Descriptive Research ပုံစံဖြစ်သည်။
ထို့ကြောင့် ပထဝီအပေါ် အခြေခံသော အချက်များကြောင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံ
ရေးနှင့် ပထဝီစီးပွားရေးတို့အပေါ် မည်သို့ မည်ပုံ သက်ရောက်ပုံကို တင်ပြထားပါသည်။
ထို့အပြင် မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ မဟာဗျူဟာမြောက်
တည်နေရာတွင် ရှိနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယ
အပါအဝင် ဒေသတွင်း နိုင်ငံများနှင့် မည်သို့ မည်ပုံ အနေအထားမျိုးကို ရောက်ရှိနေ
သည်ကို တင်ပြထားသည်။
ထိုအချက်အလက်များ၊ အကြောင်းတရားများကို ထောက်ရှု၍ မြန်မာ့နိုင်ငံရေးနှင့်ပက်
သက်ဆက်နွှယ်နေသူများသည် မည်သို့ ကိုယ်တွယ်ရန် လိုသည်ဆိုသည့် အချက်များ
ကို တင်ပြထားပါသည်။
စာတမ်း၏ ရည်ရွယ်ချက်။ ။ တရုတ်နှင့် အိန္ဒိယအကြား ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက်တည်ရှိမှု
အကြောင်းတရားများကို သိရှိလေ့လာနိုင်ရန် ရည်ရွယ်၍ ဤစာတမ်းကို ရေးသားပြုစုပါသည်။
သုတေသန မေးခွန်း။ ။ မည်သို့သော အကြောင်းတရားများက တရုတ်နှင့် အိန္ဒိယအကြား တည်ရှိနေသော
မြန်မာနိုင်ငံကို မဟာဗျူဟာမြောက် အရေးပါစေသနည်း။
5
စာတမ်းအနှစ်ချုပ်
ဤစာတမ်းကို အဓိက အပိုင်းကြီး ( ၆ ) ပိုင်းဖြင့် ရေးသားတင်ပြထားပါသည်။
ပထမအပိုင်း (၁) ၌ မြန်မာနိုင်ငံ၏ သမိုင်းကောက်ကြောင်းနှင့် ပထဝီဝင် အချက်အလက်များကို တင်ပြထားပါသည်။ သမိုင်း
ကောက်ကြောင်းတွင် နိုင်ငံရေးနောက်ခံအကြောင်းအရင်းများနှင့် စီးပွားရေးစနစ်များ ပြောင်းလဲကျင့်သုံးပုံကို တင်ပြထားသည်။
လက်ရှိ အသွင်ကူးပြောင်းနေသည့် နိုင်ငံရေးအခြေအနေနှင့် စီးပွားရေး အခြေအနေများကို စာတမ်းပါ အကြောင်းအချက်များအား
အပံ့အပိုးဖြစ်စေခြင်းငှာ ရေးသားတင်ပြထားပါသည်။
ဒုတိယအပိုင်း (၂) ၌ ပထဝီနိုင်ငံရေး ဆိုင်ရာ အချက်အလက်များကို တင်ပြထားပါသည်။ အဆိုပါ အချက်အလက်များတွင် ပထဝီ
ရေးရာ၏ အခြေပြုရာ ဝေါဟာရများဖြစ်သော၊ တည်နေရာ၊ အကျယ်အဝန်း၊ မြေမျက်နှာသွင်ပြင်၊ သဘာဝသယံဇာတ၊ လူဦးရေ၊
ရာသီဥတုအခြေအနေက အစ နိုင်ငံတစ်ခု၏ ပုံသဏ္ဍာန်အလိုက် နိုင်ငံရေးအခြေအနေကို ပြုပြင်စီရင်ဖန်တီးသော အကြောင်း
တရားများ ဖြစ်နိုင်သည်ဆိုသည့် အချက်များကို ယထာဘူတကျကျ ရေးသား ပြုစုထားပါသည်။
တတိယအပိုင်း (၃) ၌ မြန်မာ့ ပထဝီနိုင်ငံရေးဆိုင်ရာ အခြေအနေများကို တင်ပြထားပါသည်။ ပညာရပ်ဆိုင်ရာ အချက်အလက်
များနှင့် မြန်မာ့ပထဝီနိုင်ငံရေးအခြေအနေများကို ဖော်ပြထားပါသည်။ မြန်မာ့ပထဝီနိုင်ငံရေးလေ့လာဆန်းစစ်ချက်အဖြစ် ဖြစ်စဉ်
(၃)ခုကို သာဓက တင်ထားသည်။ ရခိုင်၌ ဘင်္ဂလီကိစ္စ၊ ဝ နှင့် ကိုးကန့်ပဋိပက္ခအရေး နှင့် ကချင်ဒေသ ကိစ္စကို အဓိက တင်ပြ
ထားပါသည်။ နောက်ဆုံး၏ မြန်မာနိုင်ငံ၏ ပထဝီရေးအရ အားသာချက်များကို ဖော်ပြထားသည်။ အဆိုပါ အချက်များကို ဖတ်ရှု၍
မဟာဗျူဟာမြောက်အရေးပါမှုကို ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။
စတုတ္ထအပိုင်း (၄) ၌ ပထဝီနိုင်ငံရေး သဘောတရားကြီး (၄) ရပ်ကို သိသင့်သိထိုက်သော ပထဝီနိုင်ငံရေးအချက်အလက်များဖြင့်
ပေါင်းစပ်ပြုစုထားပါသည်။ ထို့အပြင် သဘောတရားနှင့် လက်တွေ့ ယှဉ်စပ်ပြသော တင်ပြချက်မျိုးဖြင့် ရေးသားထားပါသည်။
ထိုသို့ရေးသားတင်ပြရခြင်း၏ အဓိကအကြောင်းမှာ - ပထဝီနိုင်ငံရေးသဘောတရားများသည် ပြည်ပရေးရာဖြစ်သော နိုင်ငံတကာ
ရေး၊ ကမ္ဘာ့အရေးများ၌သာမက ပြည်တွင်းနိုင်ငံရေးတွင်လည်း အပ်စပ်အသုံးပြုအပ်ကြောင်းနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေ
များနှင့်ပါ သက်ဆိုင်စေကြောင်း သတိထားစေလို၍ တင်ပြခြင်း ဖြစ်ပါသည်။
ပဉ္စမအပိုင်း (၅) ၌ နိုင်ငံတကာဆက်ဆံရေး အခြေအနေများကို တင်ပြထားသည်။ ပထဝီနိုင်ငံရေးသည် နိုင်ငံ၏ နိုင်ငံခြားရေး
မူဝါဒအပေါ် အဓိက ပြဌာန်းသည့် အကြောင်းတရားဖြစ်ရာ နိုင်ငံတကာဆက်ဆံရေး အခြေအနေများနှင့် နှိုင်းယှဉ်လေ့လာရန်
ရေးသားတင်ပြထားခြင်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားရေး မူဝါဒများ၊ ခေါင်းဆောင်များ၏ သဘောထားများက နိုင်ငံတကာ
ဆက်ဆံရေးနှင့် နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် မည်မျှ အရေးပါ အရာရောက်ကြောင်းသိစေရန် ဖြစ်သည်။ ထို့အပြင်
လက်တွေ့ အသုံးဝင်သော မူဝါဒ စာတမ်းတစ်စောင်ဖြစ်ရန် ရည်ရွယ်ခြင်းကြောင့်လည်းဖြစ်သည်။
နိဂုံးပိုင်းကိုကား အထွေထွေသုံးသပ်ချက်များဖြင့် နိတ္ထိံထားသည်။ နိဂုံးပိုင်း (၂) ပိုင်းရှိသည်။ ပထမတစ်ခုမှာ မြန်မာအတွက်
ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်ချက်များဖြစ်သည်။ ဒုတိယတစ်ခုမှာ စာတမ်း၏ အနှစ်သာရပိုင်းဖြစ်သော တရုတ်နှင့် အိန္ဒိယ
အကြား မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါပုံကို တင်ပြထားသည်။ အဆိုပါ အပိုင်းကို တရုတ်အပိုင်းနှင့် အိန္ဒိယအပိုင်းကို
ခွဲခြားတင်ပြထားသည်။ တရုတ်နှင့် အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ် သဘောထား၊ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း
နှိုင်းယှဉ်သုံးသပ်နိုင်စေပြီး မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက်တည်ရှိမှုကို နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို
ဆောင်ရွက်ရာ၌ အကောင်းဆုံးအသုံးချနိုင်ရန် ရည်ရွယ်၍ ရေးသားထားကြောင်း….. တင်ပြအပ်ပါသည်။
6
နိဒါန်း
မြန်မာသည် အာရှတွင်အရေးပါသောမဟာဗျူဟာမြောက်နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ ထိုသို့ မဟာဗျူဟာ မြောက်နိုင်ငံဖြစ်ခြင်း
ကားကံကပေးသောတည်နေရာကြောင့်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် Strategic Location ကိုအပိုင်စီးရ
ထားသည်။ မြန်မာသည် အရှေ့တောင်အာရှတွင် ပါဝင်သည်။ ထို့အတူတောင်အာရှနှင့် အရှေ့တောင်အာရှတို့ ဆက်စပ်ရာနေရာ
မှာရှိနေသည်။ တောင်အာရှကို အိန္ဒိယက လွှမ်းမိုးသည်။ အရှေ့တောင်အာရှကိုတရုတ်ကလွှမ်းမိုးသည်။ ထိုမဟာအင်အားကြီး
နိုင်ငံနှစ်နိုင်ငံကြားတွင် မြန်မာရှိ သည်။ မြန်မာအတွက် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဖြစ်သည်။ အဓိကမှာ
နိုင်ငံ့ခေါင်းဆောင် များဖြစ်သည်။ အနာဂတ်တွင် မျိုးဆက်သစ် ခေါင်းဆောင်များပထဝီနိုင်ငံရေးအသိပါးနပ်ရန်လိုအပ်သည်။
သို့မဟုတ်ကား မြန်မာအတွက် အနာဂတ်တွင် ရင်လေးစရာ။
ထို့ကြောင့် အနာဂတ်မြန်မာ့ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များပထဝီနိုင်ငံရေးအသိကို ကြိုတင်လေ့လာရန် လိုသည်။
လေ့လာရုံဖြင့် မပြီးပထဝီသဘော၏ အနက်ထဲသို့ ဝင်ရောက်ထားရမည်။ စနစ်သည် ပြောင်းသည်။ မူဝါဒသည် ပြောင်းသည်။
လူသည် ပြောင်းသည်။ မပြောင်းမလဲကျန်ရှိနေသည်ကားပထဝီပင်ဖြစ်သည်။ နိုင်ငံတစ်ခုအားမည်သို့ခါမျှ ပုံသေမတွက်ရာ။
ပုံသေတွက်သော နိုင်ငံ့ခေါင်းဆောင်သည် လှည့်ကွက်မိ၍ မရှုမလှ ဇာတ်သိမ်းရတတ်သည်။ မြန်မာအတွက် ပထဝီသည်
အရေးကြီးသည်။ ထို့နောက် အရေးလည်းပါသည်။ ပထဝီကြောင့်ပင် မြန်မာသည် သူမတူအောင် တိုးတက်နိုင်သလို သူမတူ
အောင် ခံရသည်လည်း ဖြစ်နိုင်သည်။ သတိချပ်ရန်ကားပထဝီသဘောကို နိုင်ငံ့ခေါင်းဆောင်များသိနေရုံဖြင့် မပြီး ပြည်သူအများပါ
မသိစိတ်တွင် စွဲကပ်နေရန်လိုအပ်သည်။
ပထဝီနိုင်ငံရေးသည် နိုင်ငံရေးပထဝီမှ ဆင်းသက်လာသောဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးပထဝီဝင် ဆိုသည့်
ဘာသာရပ်များသည် လူမှုရေးပထဝီနှင့် ဆက်စပ်နေသည်။ ပထဝီနိုင်ငံရေးလေ့လာရာတွင် Political Geography ကိုမလေ့လာ၍
မရ။ ထို့အတူ Human Geography ကိုမလေ့လာ၍ မရ။ လူမှုရေး ပထဝီဝင် ဘာသာရပ်သည် ပထဝီနှင့်
လူကိုတွဲဆက်လေ့လာသောဘာသာရပ်ဖြစ်သည်။ လူမှုရေးပထဝီသည် ပထဝီဆိုသည့် မြေရေအပေါ် တည်ရှိနေသော
လူမှုရေးဖြစ်စဉ်ကြီးအားလေ့လာခြင်းလည်းဖြစ်သည်။ အထူးသဖြင့် Social Science ဘာသာရပ်မျိုးလည်းဖြစ်သည်။
ပထဝီနိုင်ငံရေးတွင် အရေးကြီးသည်ကား နိုင်ငံရေးအသိဖြစ်သည်။ နောက်ထပ်အရေးကြီးသည်ကား ပထဝီတို့၏ သဘော
ဖြစ်သည်။ ပထဝီသဘောကိုကျေညက်လျှင် နိုင်ငံရေးအသိဖြင့် ပေါင်းစပ်ရမည်။ ပထဝီအပေါင်း နိုင်ငံရေး အသိဆိုလျှင်
ပထဝီနိုင်ငံရေးအမြင်ကိုမှန်းဆနိုင်လိမ့်မည်။ ပထဝီနိုင်ငံရေးလေ့လာသူသည် ပထဝီဝင် ပညာရှင်များ ကဲ့သို့ ပထဝီပညာရပ်
ပါအချက်အလက်များအားအသေးစိတ်လေ့လာရန် မလိုအပ်ချေ။ လေ့လာနိုင်လျှင်ကား အပြစ်မဟုတ်။ သို့သော် ပထဝီတို့
ဖြစ်လေ့ဖြစ်ထရှိသောသဘောတရားကိုဗဟိုပြု၍ စနစ်တကျလေ့လာထားရန် လိုသည်။ ပထဝီအခြေခံသော နိုင်ငံရေးအသိ ဖြင့်
ပထဝီနိုင်ငံရေးအမြင်ကိုရအောင် ကြိုးစားအားထုတ်သင့်သည်။ အနာဂတ်အတွက် ခေါင်းဆောင်ဖြစ်ရန် ရည်မှန်းသူကား
ကြိုးစားအားထုတ်သင့်သည်မဟုတ်၊ ကြိုးစားအားထုတ် ရမည်ပင်ဖြစ်သည်။
ပထဝီနိုင်ငံရေးသည် မြန်မာအတွက် အလွန်အရေးကြီးလာသည်။ အကြောင်းမှာအိန္ဒိယနှင့်တရုတ်တို့ မဟာအင်အား ကြီးမှ
မဟာအင်အားလွန်အဆင့်သို့ တက်လှမ်းရန် ခြေတကြွကြွဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ကိုယ့်ထက်အင်အား သာသူများအကြား
ခိုင်ခိုင်မာမာရပ်တည်နိုင်ရန် တောင့်တင်းနေ၍ မဖြစ်။ ပျော့ပြောင်းရမည်။ သိမ်မွေ့ရမည်။ အလှုပ်အရှားအရာတွင် ညင်သာရမည်။
ထိုအရာသည် မဟာဗျူဟာဖြစ်သည်။ သံဇောင်းထက် ရေဇောင်းထက်၏။ သို့သော် ထင်းခွဲလျှင်ကားရေဖြင့် ပက်၍ မရ။
7
မြန်မာသည် ရေကဲ့သို့ ကျင့်ရန်လိုသည်။ ထို့အတူ ရေကဲ့သို့သောစွမ်းအင်မျိုးကိုလည်းပိုင်ဆိုင်ရန် သင့်သည်။ နိုင်ငံတကာနှင့်
ဆက်ဆံရေးတွင် ရှေးပဝေသဏီတုန်းက ကဲ့သို့ တောင့်တောင့်ကြီးရပ်နေ၍ မရတော့။ ဂလိုဘယ်ခေတ်တွင် ဤနည်းသည်
ဒိတ်အောက်သွားချေပြီ။ အထူးသဖြင့် မဟာအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတွင် သိမ်မွေ့ ရန်လိုသည်။ အကြမ်းပတမ်း
မကိုင်ရ။ နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ပဲပြားပင်ကဲ့သို့ ပျော့ပြောင်းရမည်။ တစ်ခါတရံလေ ယူရာယိမ်း
တတ်ရမည်။ လေယူရာယိမ်းသည် ဆိုခြင်းကားအမြဲတမ်းယိမ်းကနေရန် ဟုဆိုခြင်းမဟုတ်။ မဟာဗျူဟာပိုင်းတွင် ခိုင်မာ၍
နည်းဗျူဟာပိုင်းတွင် ပျော့ပြောင်းရမည်ဟုဆိုခြင်းဖြစ်သည်။
8
(က) မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များ
၁။ ဤစာတမ်းသည် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးကို ဗဟိုပြု၍ လေ့လာသုံးသပ်ခြင်းဖြစ်သည်။ ထို့ကြောင့်
(၁) မြန်မာနိုင်ငံနှင့် ပက်သက်သော ပထဝီရေးရာ အချက်အလက်များ၊
(၂) မြန်မာနိုင်ငံနှင့် ပက်သက်သော နိုင်ငံရေး အခြေအနေများ၊
(၃) မြန်မာနိုင်ငံနှင့် ပက်သက်သော စီးပွားရေး အခြေအနေများကို ယေဘုယျတင်ပြရန် လိုအပ်သည်။
မြို့တော် - နေပြည်တော် (ပျဉ်းမနား)
အလံ - ဝါ၊ စိမ်း၊ နီ အရောင် (၃) ရောင်ပါရှိပြီး အလယ်တွင် အဖြူရောင်ကြယ်တစ်လုံး ပါဝင်သည်။
နိုင်ငံတော် သီချင်း - ကမ္ဘာမကြေ
ငွေကြေး - ကျပ်
အတိုင်းအတာယူနစ် - ဗြိတိသျှ ယူနစ်များ စံထားအသုံးပြုသည်။ သို့သော် ဒေသအလိုက် ရိုးရာအချင်အတွယ်
များသုံးစွဲသည်။
အချိန် - ၆း၃၀ ညနေ = ဂျီအမ်တီ (မွန်းတည့်)
သမိုင်း
၂။ ၁၀၄၄ ခုနှစ်တွင် အနော်ရထာဘုရင်သည် ပုဂံတွင် မြန်မာနိုင်ငံအဖြစ်စတင် တည်ထောင်ခဲ့သည်။
ပထဝီအနေအထား
၃။ မြန်မာနိုင်ငံသည် ကုန်းပိုင်းအရှေ့တောင်အာရှဒေသ၏ အနောက်ဘက်အပိုင်းတွင် တည်ရှိသည်။ မြန်မာ ဟူသော အမည်ကို
၁၉၈၉ ခုနှစ်တွင် တရားဝင် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ယခင်က ဗမာနိုင်ငံ ဟုသာ ခေါ်ဆိုခဲ့ကြသည်။ ၁၈၈၅
ခုနှစ်လောက်ကတည်းက ပြည်ထောင်စု ဗမာနိုင်ငံတော် ဟု ခေါ်တွင်ခဲ့ရာမှစ၍ ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စု
မြန်မာနိုင်ငံတော်ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ယခု ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သော
အစိုးရလက်ထက်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။
မြို့တော်
၎။ သက္ကရာဇ် ၂၀၀၅ အရှေ့ပိုင်းတွင် မြန်မာနိုင်ငံ၏ မြို့တော်မှာ မြို့တော် ရန်ကုန်ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် ရန်ကုန်မြို့တော်၏ မြောက်ဘက် မိုင် ၂၀၀ အကွာတွင် ရှိသော
ပျဉ်းမနားမြို့ကို အုပ်ချုပ်ရေးဗဟိုဌာနတစ်ခုအဖြစ်ပြောင်းလဲခဲ့သည်။ ၂၀၀၆ ခုနှစ် သို့ရောက်သောအခါ အဆိုပါ ပျဉ်းမနားမြို့ကို
နေပြည်တော်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့၍ မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
၅။ မြန်မာနိုင်ငံ၏ မြို့တော်မှာ နေပြည်တော်ဖြစ်သည်။ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အလယ်ဗဟို တည့်တည့်တွင်
တည်ရှိသည်။
9
တည်နေရာ
၆။ အရှေ့တောင်အာရှဒေတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ဧရိယာစုစုပေါင်း ၆၇၈၅၀၀ စတုရန်းကီလိုမီတာ (၂၆၁၉၇၀
စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြောက်နှင့်တောင်သည် ၁၉၃၁ ကီလိုမီတာ (၁၂၀၀ မိုင်) ရှည်လျား ပြီး၊ အရှေ့နှင့် အနောက် ၉၂၅
ကီလိုမီတာ (၅၇၅ မိုင်) ကျယ်သည်။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် အမေရိကန်ရှိ တက္ကဆက် ပြည်နယ် ခန့်ရှိသည်။
မြန်မာနိုင်ငံ၏ မြေပြင်အလျားသည် ၇၈၀၆ ကီလို မီတာ (၄၈၅၀ မိုင်) ရှိ၍ ကမ်းရိုးတန်းအရှည်မှာ ၁၉၃၀ ကီလိုမီတာ (၁၁၉၇ မိုင်)
ပိုင်ဆိုင်သည်။
၇။ မြန်မာနိုင်ငံသည် လတ္တီကျူ့ ၁၀ ဒီဂရီ မှ ၂၈ ဒီဂရီ ၃၀ မိနစ် အကြားတည်ရှိသည်။ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊
မြောက်ဘက်နှင့် အရှေ့မြောက်တွင် တရုတ်နိုင်ငံ၊ အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရု
နိုင်ငံနှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည်။ အဒမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ် အော်တို့သည်
တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် အသီးသီးရှိနေသည်။
၈။ မြန်မာနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံမဟုတ်ပဲ ပင်လယ်ကမ်းရိုးတန်းရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်။ အရှေ့တောင်
အာရှနိုင်ငံများတွင် ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာ ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည်။ အရှေ့တောင်အာရှ
ဒေသတွင်း ကုန်းမြေတစ်ဆက်တည်းရှိသည့် အကြီးဆုံးနိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည်။
၉။ မြန်မာနိုင်ငံ၏ အလျားသည် မြောက်မှ တောင်သို့ တိုင်းတာလျှင် မိုင်ပေါင်း ၁၂၇၅ မိုင်ခန့်ရှိပြီး မန္တလေးမြို့ ကို ဗဟိုပြု၍
အရှေ့နှင့် အနောက်တိုင်းတာလျှင် မိုင်ပေါင်း ၅၈၀ ခန့် အထိ ကျယ်ဝန်းသည်။
၁၀။ မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထားသည် မြောက်မှ တောင်သို့ နိမ့်ဆင်းသွားသည့် အနေ
အထားမျိုးတွေ့ရသည်။ အလယ်တွင် မြစ်ဝှမ်းလွင်ပြင်ဒေသရှိသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးအပိုင်းမှာ မြောက်ဘက်ပိုင်း
ကချင်ဒေသတွင်ရှိသည့် ခါဂါဘိုရာဇီတောင်ဖြစ်သည်။ ထိုတောင်၏ အမြင့်ပေမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၉၂၉၆ ပေ
ရှိသည်။ မီတာအားဖြင့် ၅၈၈၁ မီတာရှိသည်။ မြန်မာနိုင်ငံရှိ တောင်တန်းများသည် ယေဘုယျအားဖြင့် မြောက်မှ တောင်သို့
သွယ်တန်းနေသည်။ မြစ်များသည်လည်း မြောက်မှတောင်သို့ စီးဆင်းသည်။ ဧရာဝတီမြစ်သည် ကချင်ဒေသအတွင်း
မေခနှင့်မလိခမြစ်နှစ်ခု ပေါင်းဆုံ ရာ ဖြစ်ပေါ်လာသည်။
၁၁။ ဧရာတီမြစ်သည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းမှ အစပြု၍ စတင်စီးဆင်းလာပြီး မြန်မာနိုင်ငံအောက်ပိုင်း ဧရာတီတိုင်းနှင့်၊
ရန်ကုန်မြို့တို့၌ အဒမန်ပင်လယ်အတွင်းသို့ စီးဆင်းသည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ အတွင်းမှာပင် အစပြု၍
မြန်မာနိုင်ငံ၌ပင် ပင်လယ်တွင်းသို့ အဆုံးသတ်စီးဝင်သည့် ထူးခြားသည့် မြစ်တစ် စင်းဖြစ်သည်။
၁၂။ မြန်မာနိုင်ငံကို ရုပ်သွင်ပြင်အားဖြင့် ဒေသကြီး (၅) ခု ပိုင်းခြားသတ်မှတ်နိုင်သည်။
(၁) မြောက်ဘက် တောင်ပေါ်ဒေသ1
(၂) အနောက်ဘက် တောင်တန်းဒေသ2
(၃) အရှေ့ဘက် ကုန်းမြင့်ဒေသ3
1
Northern mountains
2
Western ranges
10
(၄) အလယ်ပိုင်း မြစ်ဝှမ်းလွင်ပြင်နှင့် မြေနိမ့်ဒေသ4
(၅) ကမ်းရိုးတမ်းဒေသ5
စသည်ဖြင့် ပထဝီရုပ်သွင်ပြင် (၅) ပိုင်းတွေ့နိုင်သည်။
စီးပွားရေး
၁၃။ မြန်မာနိုင်ငံ၏ စီးပွားရေးကို သရုပ်ခွဲရာတွင် ဈေးကွက်စီးပွားရေးစနစ်ကို ၁၉၉၀ ခုနှစ်တွင် အစပြုစေ၍ ၂၀၁၀ ခုနှစ်တွင်
အပီအပြင်ရုပ်လုံပေါ်အောင် အကောင်အထည်ဖော်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ သည် နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့်
ကြုံတွေ့ရသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အလျောက် စီးပွားရေးစနစ် အမျိုးမျိုးဖြင့်လည်း နှစ်ပါးသွားခဲ့ဖူးသည့် အတွေ့အကြုံ
ရှိသည်။
၁၄။ ကမ္ဘာ့စီးပွားရေးစနစ်ကို အကြမ်းဖျင်းအားဖြင့် (၂) မျိုးခွဲခြမ်းကြည့်နိုင်သည်။ ဗဟိုစီမံကိန်းစီးပွားရေးစနစ်နှင့် ဈေးကွက်
စီးပွားရေးစနစ်ဟူ၍ ဖြစ်သည်။ သို့သော် ဈေးကွက်စီးပွားရေးစနစ်တွင် လုံးဝလွတ်လပ်သောစီးပွားရေး စနစ်နှင့်
စီမံခန့်ခွဲမှုနှင့်ယှဉ်သည့် ဈေးကွက်စီးပွားရေးစနစ်ဟူ၍ ယေဘုယျ (၂) မျိုးတွေ့နိုင်သေးသည်။ ထို့ကြောင့် မြန်မာ့စီးပွားရေး
သမိုင်းစဉ်အကျဉ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်လေ့လာရာတွင် စီးပွားရေးစနစ် နှင့် ဖွံ့ဖြိုးရေး ရေချိန်ကို တွဲစပ်၍
လေ့လာရမည်ဖြစ်သည်။
၁၅။ ဒုတိယကမ္ဘာစစ်အပြီးကာလနောက်ပိုင်း၊ စစ်အေးကာလအတွင်း ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးစနစ်များကို ယေဘုယျ
အကြမ်းဖျင်း သရုပ်ခွဲကြည့်ရန် လိုအပ်သည်။ ထိုသို့ သရုပ်ခွဲရာတွင် အကြမ်းအားဖြင့် ပုံစံ (၇) မျိုးကို တွေ့ရသည်။ အဆိုပါ ပုံစံ
(၇) မျိုးကို ဖော်ပြ၍ မြန်မာ့စီးပွားရေးစနစ်ကို ဖော်ပြနိုင်မည် ဖြစ်သည်။
စစ်အေးကာလအတွင်း တွေ့ရသော ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးစနစ် ပုံကြမ်းမှာ -
(၁) လစ်ဘရယ်ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက် အတွဲအစပ် (အမေရိကန် ပုံစံ)
(၂) လစ်ဘရယ် ဒီမိုကရေစီနှင့် စီမံခန့်ခွဲမှုယှဉ်သော ဈေးကွက်အတွဲအစပ် (ဥရောပ ပုံစံ)
(၃) လမ်းညွှန်ဒီမိုကရေစီနှင့် ဈေးကွက် အတွဲအစပ် (လွတ်လပ်သော ဈေးကွက်စနစ်နှင့် စီမံခန့်ခွဲမှု ဈေးကွက်စနစ်ကို
ရောထွေးကျင့်သုံး) (နောက် အာရှကျားဖြစ်လာမည့် နိုင်ငံများ၊ အာရှပုံစံ)
(၄) လစ်ဘရယ်ဒီမိုကရေစီနှင့် စီမံကိန်းစီးပွားရေး အတွဲအစပ် (အိန္ဒိယပုံစံ)
(၅) တစ်ပါတီစနစ်နှင့် စီမံကိန်း စီးပွားရေး အတွဲအစပ် (ဆိုဗီယက်-တရုတ် ပုံစံ)
(၆) တစ်ပါတီစနစ်နှင့် ဈေးကွက် အတွဲအစပ် (လွတ်လပ်သော ဈေးကွက် ဆိုသည်ထက် စီခံခန့်ခွဲမှုနှင့် ယှဉ်သော
ဈေးကွက်ကိုသာ ပိုအလေးကဲသည်) (ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပုံစံ)
(၇) ဈေးကွက်စီးပွားရေး (အထူးသဖြင့် စီမံခန့်ခွဲမှုနှင့် ယှဉ်သောဈေးကွက်) နှင့် ဆိုရှယ်ဒီမိုကရေစီ တို့၏ အတွဲအစပ်
(စကင်ဒီနေးဗီးယန်းနိုင်ငံများဖြစ်သည့် ဆွီဒင်၊ နော်ဝေ တို့၏ ပုံစံ)
3
Eastern Plateau
4
Central basin and lowlands
5
Coastal plains
11
၁၆။ ဖော်ပြပါ အတွဲအစပ် ပုံစံ (၇) မျိုးတွင် မြန်မာနိုင်ငံ၏ အခြေအနေကို အောက်ပါ အခြေအနေများအတိုင်း တွေ့ရ သည်။
 ၁၉၄၈ မှ ၁၉၆၂ အထိ (နံပါတ်-၂)ပုံစံ
 ၁၉၆၂ မှ ၁၉၈၈ အထိ (နံပါတ်- ၅) ပုံစံ
 ၁၉၈၈ မှ ၂၀၀၉ အထိ (နံပါတ်-၆) ပုံစံ
 ၂၀၁၀ မှ ယနေ့ အထိ (နံပါတ်-၃) ပုံစံ ဖြင့် မြန်မာ့စီးပွားရေး ကို လုပ်ဆောင်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
အဆိုပါ နံပါတ်-၃ အခြေအနေဖြင့် ပိုမိုပီပြင်သည့် ဈေးကွက်စီးပွားကို ပုံဖော်တည်ဆောက် ယူနေသည်။
နိုင်ငံရေး
၁၇။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှ၏ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့သည်။
၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံရေးစနစ်ဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရား
ကို လည်ပတ်ခဲ့သည်။ အဆိုပါ ပါလီမန်ဒီမိုကရေစီစနစ်ကို လည်ပတ်ရာတွင် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်၌
ရေးဆွဲအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ အခြေခံဥပဒေ ဟု အမည်တွင်သည့်) ဖြင့် နိုင်ငံတော်၏ အာဏာ
သုံးရပ်ကို လည်ပတ်ခဲ့သည်။
၁၈။ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရအမည်ဖြင့် မြန်မာနိုင်ငံ၏ အစိုးရတစ်ရပ် အပြောင်းအလဲဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ
၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီဖွဲ့စည်း၍ နိုင်ငံတော် ၏ အစိုးရတာဝန်ကို
ထမ်းဆောင်ခဲ့သည်။ အဆိုပါ တော်လှန်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် တစ်ရပ်ကို ၁၉၇၄ ခုနှစ်တွင်
အတည်ပြု၍ နိုင်ငံတော် အုပ်ချုပ်ရေးကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ ၁၉၇၄ အခြေခံဥပဒေသည် ဆိုရှယ်လစ် စနစ်ကို
အခြေပြုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည်။ အဆိုပါ အခြေခံဥပဖြေင့်ပင် တော်လှန်းကောင်စီ အစိုးရမှ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီအဖြစ် ပြောင်းလဲကာ တစ်ပါတီနိုင်ငံရေးစနစ်ကို ပုံဖော်ခဲ့သည်။
၁၉။ ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာသည်။ ထိုသို့
ကြေညာ၍ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်6
ကိုကျင့်သုံး၍ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်ကို ဆိုရှယ်လစ် စီးပွားရေးစနစ်ဖြင့်
အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ အဆိုပါ စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေး စနစ်ဟုလည်း သတ်မှတ်နိုင်သည်။
၂၀။ ၁၉၈၈ ခုနှစ်၊ ဩဂုတ် ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ နိုင်ငံလုံးဆိုင်ရာ ဆူပူအုံကြွမှုကြီး တစ်ရပ်ပေါ်ပေါက် ခဲ့သည်။ လူထုသည်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဖြစ်သည့် ဦးနေဝင်းအစိုးရကို လူထုအုံကြွမှုဖြင့် ဖြုတ်ချနိုင်ခဲ့ သည်။ ၁၉၉၀ တွင်
နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ တည်ငြိမ် ရေးကို ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)7
ကို ဖွဲ့စည်းလိုက်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး
အဖွဲ့ဥက္ကဌမှာ ဗိုလ်ချုပ်ကြီး စောမောင်ဖြစ်သည်။
6
Burmese Way to Socialism
7
SLORC (the state Law and Order Restoration Council)
12
၂၁။ နိုင်ငံတော်တည်ငြိမ်ရေးသည် ၁၉၉၇ ခုနှစ်၊တွင် အတော်အတန်တည်ငြိမ်လာပြီဖြစ်၍ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅
ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖျက်သိမ်း၍ နိုင်ငံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို
အဓိကတာဝန်ယူဆောင်ရွက်ရန် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ8
ကို ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ၏ ဥက္ကဌမှာ ဗိုလ်ချုပ်ကြီး သန်းရွှေဖြစ်သည်။
၂၂။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရသည် လမ်းပြမြေပုံ (၇)ချက်9
ကို ရေးဆွဲ၍
စစ်ဘက်အုပ်ချုပ်သည့် အစိုးရမှ အရပ်သားအုပ်ချုပ်သည့် ဒီမိုကရက်တစ်အစိုးရတစ်ရပ်အဖြစ် တည်တည်ငြိမ် ငြိမ်
အသွင်ကူးပြောင်းနိုင်ရေးလုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန် အတွက်
အမျိုးသားညီလာခံကို နိုင်ငံလုံးချီထောက်ခံပွဲများပြုလုပ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။ အဆိုပါ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ10
ပြုလုပ်၍ ၉၂.၄၈ ရာခိုင်နှုန်းဖြင့်
အတည်ပြုထောက်ခံမှုရရှိကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် သတ်မှတ်ခဲ့သည်။
အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၂၀၁၀ ခုနှစ်တွင် ကျင်းပသော ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော် ၏ တရားဝင်
အသုံးပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခဲ့သည်။
၂၃။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီးတွင် အဆိုပါ အခြေခံဥပဒေပါ ပြဌာန်းချက်များသည် အသက်ဝင်လာပြီဖြစ် သည်။
ထိုအခြေခံဥပဒေပါ ပြဌာန်းချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူသည့် အမည်အစား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဟု ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသော သမ္မတမှာ သမ္မတ ဦးသိန်းစိန်
ဖြစ်သည်။ သမ္မတသက်တမ်းမှာ ၅ နှစ်တစ်ကြိမ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် လက်ရှိသမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကိုကြိုးပမ်းလုပ်ဆောင်နေသည့် သမ္မတအဖြစ် ကမ္ဘာ့နိုင်ငံများ၏
အသိအမှတ်ပြုမှုကို ရရှိနေသည်။
8
SPDC (State Peace and Development Council)
9
The Road Map
1) Reconvening the NC
2) After successful conclusion of the NC, “a step by step implementation of the process necessary for the
emergence of a genuine and disciplined democratic system”.
3) Drafting a new constitution according to the basic principles and details ‘laid down’ by the NC.
4) A national referendum to adopt the constitution
5) Holding of free and fair elections for a hierarchy (National and regional) of legislative bodies or Pyithu
Hluttaws (People’s assemblies) as per the new constitution.
6) Convening of the Hluttaw as per the constitution.
7) “Building a modern, developed and democratic nation by the state leaders elected by the Hluttaw”
together with the ‘government and other central organs [of state power] formed by the Hlattaw’.
10
Referendum
13
ဇယား - ၁
၁၉၄၈ ခုနှစ် ကိုလိုနီအဖြစ်မှ လွတ်လပ်ရေး ရရှိ
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တက်
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ တက်
၁၉၇၄ ခုနှစ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ သည် ဆိုရှယ်လစ်စနစ်ဖြင့် ချီတက်
၁၉၉၀ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့(နဝတ) အစိုးရ တာဝန် ပြောင်းလဲယူ
၁၉၉၇ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအဖြစ် ပြောင်းလဲ အုပ်ချုပ်
၂၀၀၈ ခုနှစ် အမျိုးသားညီလာခံများပြုလုပ်၍ ရေးဆွဲထားသော အခြေခံဥပဒေကို ပြည်သူ့ ဆန္ဒခံယူပွဲ
ပြုလုပ်၍ အတည်ပြုချက် ရယူ
၂၀၁၀ ခုနှစ် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေဖြင့် အုပ်ချုပ်သည့် အစိုးရဖြင့် မောင်းနှင်
14
(ခ) ပထဝီနိုင်ငံရေးဆိုင်ရာ အချက်အလက်များ
ဝေါဟာရ
၂၄။ ပထဝီနိုင်ငံရေး (Geopolitics) ဟူသော ဝေါဟာရကို ဆွီဒင်နိုင်ငံရေးသိပ္ပံပညာရှင် ရူးဒေါ့ရှယ်လင် က ၁၈၉၉
ခုနှစ်တွင် စတင် သုံးစွဲခဲ့သည်။ သို့သော် ၁၉၃၀ ခုနှစ်လောက်ကျမှ ပထဝီနိုင်ငံရေးဆိုသည့်ဝေါဟာရကို
နိုင်ငံရေးနယ်ပယ်တွင် တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြသည်။
ပထဝီနိုင်ငံရေးနှင့် နိုင်ငံရေးပထဝီ၏ ကွာခြားပုံ
၂၅။ ပထဝီနိုင်ငံရေး (Geopolitics) ဆိုသည်မှာ ပထဝီကို အခြေပြု၍ လေ့လာသောနိုင်ငံရေးဖြစ်သည်။ ပထဝီ
နိုင်ငံရေးကို လေ့လာလျှင် များသောအားဖြင့် နိုင်ငံရေးပထဝီ (Political Geography) နှင့် ရောထွေးနိုင်စရာ
အကြောင်းရှိသည်။ ပထဝီနိုင်ငံ ရေးသည် ပထဝီကိုအခြေခံသောနိုင်ငံရေးဖြစ်ပြီး နိုင်ငံရေးပထဝီသည် နိုင်ငံရေး
ကို အခြေပြု၍ လေ့လာသောပထဝီဖြစ် သည်။ ထို့ကြောင့် ပထဝီနိုင်ငံရေးသည် နိုင်ငံရေးဘာသာရပ် ဖြစ်သည်။
နိုင်ငံရေးပထဝီသည် ပထဝီဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေးသည် နိုင်ငံရေးကို ဗဟိုပြုပြီး ပထဝီကို
အခြေခံသော နိုင်ငံရေးဘာသာရပ်ဟု ဆိုလျှင် ပြည့်စုံနိုင်စရာ အကြောင်းရှိသည်။ ထို့အတူ နိုင်ငံရေး ပထဝီသည်
ပထဝီကို ဗဟိုပြုပြီး နိုင်ငံရေးကို အခြေခံသော ပထဝီဘာသာရပ်ဖြစ်သည်။
ပထဝီနိုင်ငံရေးအချက်အလက်
၂၆။ ပထဝီနိုင်ငံရေးဟု ဆိုလိုက်လျှင် ပထဝီနှင့်စပ်ဆိုင်သော အဓိကအချက် (၆) ချက်ကို ဗဟိုပြုရသည်။
၁။ နယ်မြေအကျယ်အဝန်း၊ နယ်မြေ အရွယ်အစား Size
၂။ တည်နေရာအနေအထား Location
၃။ ရာသီဥတု အခြေအနေ Climate
၎။ မြေမျက်နှာသွင်ပြင်အနေအထား Topography
၅။ လူဦးရေတည်ရှိမှုပုံစံ Demography
၆။ သဘာဝသယံဇာတခိုအောင်းမှု Natural Resources
ပထဝီနိုင်ငံရေး၏သဘာဝ
၂၇။ ပထဝီနိုင်ငံရေးသည် နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေးပညာရပ်တွင် အဓိကအရေးပါသော ဘာသာရပ်
ဖြစ်သည်။ ပထဝီနိုင်ငံရေးကို နိုင်ငံရေးသိပ္ပံပညာရှင်များ၊ မူဝါဒချမှတ်သူများ နှင့် နိုင်ငံတကာ ဆက်ဆံရေး
နယ်ပယ်တွင် ကျင်လည် နေသည့်ပုဂ္ဂိုလ်များ အထူးပြုလေ့လာသည်။ နိုင်ငံတည်ဆောက်ရေးသမားများ၊
နိုင်ငံရေးအကြံပေးများနှင့် သံအမတ်များ၊ သံတမန်များ အထူးသဖြင့် လေ့လာ အပ်သည့် ဘာသာရပ်ဖြစ်သည်။
ပထဝီနိုင်ငံရေးသည် သီအိုရီသဘောအရ ကျယ်ပြောသည်ဟု မဆိုနိုင်။ သို့သော် သဘောတရားအရ အလွန်
ကျယ်ပြန့်သည်။ ပထဝီသဘောကို လိုက်၍ နိုင်ငံရေးအယူအဆ၊ နိုင်ငံရေး အမြင်များကို ကြည့်ရှုသုံးသပ်
နိုင်သည်။ပထဝီနိုင်ငံရေးသည် လူမှုပထဝီဝင်ဘာသာရပ်၊ မနုဿပထဝီဝင်၊ နိုင်ငံရေးပထဝီဝင် စသည့်
ဘာသာရပ်များဖြင့်လည်း ဆက်စပ်နေသည်။
15
ပထဝီနိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒ
၂၈။ ပထဝီနိုင်ငံရေးရာ အချက်အလက်များသည် နိုင်ငံခြားရေးမူဝါဒချမှတ်ရာတွင် အလွန်အသုံးဝင်သည်။ ထို့အပြင်
အခြားနိုင်ငံများက ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒများ၏ အနှစ်သာရကို ချည်းကပ်လေ့လာရာတွင်လည်း
များစွာ အရေးပါ၊ အရာရောက်သည်။ ထို့ကြောင့်ပင် နိုင်ငံခြားရေးမူဝါဒသည်သည် နိုင်ငံ့၏ပထဝီနှင့်
ဆက်စပ်နေသည်ဟု ဆိုခြင်းဖြစ်သည်။ နိုင်ငံ့ပထဝီဆိုသည်ကပင် ပထဝီနိုင်ငံရေးဖြစ်သည်။
 Foreign Policy related with State Geography especially Geopolitics
၂၉။ ပထဝီနိုင်ငံရေးကို အဓိကအားဖြင့် နက်နက်နဲနဲလေ့လာသိရှိထားသူတို့ကား နိုင်ငံခြားရေးမူဝါဒကို ချမှတ်သူများ
နှင့် နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်သူများဖြစ်သည်။ အကြောင်းမှာ နိုင်ငံခြားရေးမူဝါဒကို ချမှတ်ရာ
တွင် ပထဝီနိုင်ငံရေးသဘောသည် အဓိကပါဝင်နေသည်။ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံအချင်းချင်း ဆက်ဆံရာ
တွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အဓိကအကောင်အထည်ဖော်ရသောသဘောရှိသည်။ နိုင်ငံအကျိုးစီးပွားသည်
ပထဝီရေးအရ များစွာဆက်စပ်နေသည်။ မြေကမ္ဘာပေါ်တွင် နိုင်ငံများ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသော
နိုင်ငံများ၏ တည်နေရာ၊ အကျယ်အဝန်း၊ ရာသီဥတု၊ လူဦးရေ၊ မြေမျက်နှာသွင်ပြင် အနေအထားစသည့်
ပထဝီရေးရာအချက်အလက် များအပေါ်မူတည်၍ နိုင်ငံများ ပါဝါရှိခြင်း၊ မရှိခြင်း ဖြစ်လာရသည်။ ထို့ကြောင့်
နိုင်ငံ၏ပါဝါသည် ပထဝီရေးရာအချက် အလက်များပေါ်တွင် များစွာမှီတည်နေသည်။
နယ်မြေအကျယ်အဝန်း၊ နယ်မြေအရွယ်အစား (Size)
၃၀။ နိုင်ငံတစ်ခု၏ နယ်မြေအကျယ်အဝန်းသည် နိုင်ငံ၏ပါဝါကို အထောက်အကူပြုသည်။ နယ်မြေအကျယ်
အဝန်းတွင် အကြီးမားဆုံး ရုရှားနိုင်ငံနှင့် အသေးငယ်ဆုံးနိုင်ငံဖြစ်သော စင်ကာပူ၊ ဗာတီကန်စီးတီး စသည့်
နိုင်ငံများနှင့် ယှဉ်တွဲစဉ်းစားနိုင်သည်။ နယ်မြေအကျယ်အဝန်းကြီးမားခြင်းသည် နိုင်ငံပါဝါ အလိုအလျောက်
ရရှိလာခြင်း အကြောင်းလည်းဖြစ်သည်။ ဥပမာ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ အမေရိကန်၊ ဩစတေးလျ၊
ကနေဒါ စသည့် နိုင်ငံများဖြစ်သည်။ နိုင်ငံနယ်မြေ အကျယ်အဝန်းကြီးမားလျှင် ကြီးမားသလောက်
ပါဝါတစ်စုံတစ်ရာကို ရရှိပြီးဖြစ်သည်။
၃၁။ နိုင်ငံ၏နယ်နိမိတ်ကျယ်ဝန်းခြင်းကြောင့် အားသာချက်များ ဖြစ်လာသလို အားနည်းချက်တစ်ချို့လည်း တွဲဖက်ပါ
လာတတ်သည်။ နိုင်ငံ၏အချုပ်အခြာအာဏာနယ်နိမိတ်စည်းကို ကာကွယ်ရန် စစ်ရေးအင်အား တောင့်
တင်းရန်လိုသည်။ နယ်နိမိတ်ကျယ်ဝန်းသောနိုင်ငံများရှိ နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ်များ ထားရှိ
ရခြင်းကြောင့် စစ်ရေးအသုံးစရိတ် များစွာအသုံးပြုရသည်။ ထို့ကြောင့် စစ်ရေးအသုံးစရိတ်သည် နိုင်ငံတော်
ဘဏ္ဍာမှ ရာခိုင်နှုန်းအတော်များများ ထုတ်သုံးရသော အားနည်းချက်မျိုးရှိသည်။ ထို့အတူ နယ်စပ်ဒေသများတွင်
အထူးသဖြင့် နယ်မြေ မတည်ငြိမ်မှုဖြင့် ကြုံရတတ်သည်။ လူမျိုးစုသူပုန်များ၊ လက်နက်ကိုင်အင်အားစုများ
ခိုအောင်းရာ ဒေသသည် နယ်စပ်ဒေသအများစုဖြစ်သည်။ အထူးသဖြင့် လူမျိုးပေါင်းစုံ တည်ရှိနေသော
နိုင်ငံမျိုးတွင် ထိုသို့သော ပြဿနာများရင်ဆိုင်ရတတ်လေ့ရှိသည်။
တည်နေရာအနေအထား (Location)
၃၂။ နိုင်ငံတစ်ခု၏ တည်နေရာသည် နိုင်ငံအတွက် အလွန်အရေးပါသည်။ နိုင်ငံတည်ခုအတွက် တည်နေရာသည်
သဘာဝကပေးသော ကံတရားဟု ဆိုနိုင်သည်။ တည်နေရာအနေအထားကို အကြမ်းဖြင်းအားဖြင့် အချက် (၃)
ချက်ဖြင့် ခွဲခြားကြည့်နိုင်သည်။
16
(က) ကုန်းတွင်းပိတ်နိုင်ငံ Close position (land lock State)
(ခ) ကမ်းရိုးတန်းရှိ နိုင်ငံ Open position
(ဂ) ကျွန်းနိုင်ငံ Island
၃၄။
ကုန်းတွင်းပိတ်နိုင်ငံ
ကုန်းတွင်းပိတ်နိုင်ငံများ၏ အဓိကအားနည်းချက်မှာ ပင်လယ်ထွက်ပေါက်မရရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့်
မိမိဘေးပတ်လည်ရှိနိုင်ငံများနှင့် သင့်မြတ်အောင်နေထိုင်ရသည်။ ကုန်းတွင်းပိတ်နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒ
သည် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ဆန့်ကျင်ဘက်ရှိ၍ မရချေ။ မိမိနိုင်ငံရှင်သန်ရေး၊
ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိမ်နီးချင်းနိုင်ငံများကို အမြဲမှီခိုနေရသောသဘောရှိသည်။ ပိုင်ဆိုင်သည့်ပင်လယ်
မရှိ၍ ရေတပ်အင်အားကို ကောင်းစွာတည်ဆောက်ခွင့်မရ။ ထို့နောက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး
ပြေလည်အောင် အမြဲကြိုးစားအားထုတ် နေရသည်။ ပင်လယ်ထွက်ပေါက်မရှိခြင်းကြောင့် အလျော့ပေး
လိုက်လျောရသောမူဝါဒများ များစွာရှိသည်။ ထို့အတူ ပင်လယ်မှရရှိသည့် အကျိုးအမြတ်ခံစားမှုများလည်း
အလိုအလျောက် ပျက်ရသည်။ ပင်လယ်အစားအစာနှင့် သယံဇာတ များကို နိုင်ငံခြားတိုင်းပြည်မှ အမြဲတမ်း
တင်သွင်းနေရသည်။ နိုင်ငံအတွင်း မြစ်ချောင်းအင်းအိုင်များ ပေါများစွာမရှိလျှင် ထိုဒုက္ခသည် ကုန်းတွင်းပိတ်
တည်ရှိနေသောနိုင်ငံအဖို့ မထောင်းသာလှချေ။ ဥပမာ သဲကန္တာရများနှင့် ကုန်းတွင်းပိတ်ဖြစ်နေသော အာဖရိက
အလယ်ပိုင်းနိုင်ငံများဖြစ်သည်။
၃၅။
၃၆။
ကမ်းရိုးတန်းရှိနိုင်ငံ
ပင်လယ်ကမ်းရိုးတန်းရှိသောနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအဖို့ များစွာ အဖိုးတန်သည်။ ပင်လယ်ရေတပ်အားကို
တည်ဆောက်ရန် အခွင့်အလမ်းရှိသည်။ ပင်လယ်ရေတပ်အင်အားသာ ကြီးမားပါက ရန်သူကို အလိုအလျောက်
ကာကွယ် ပြီးသော သဘာဝအတားအဆီးဖြစ်နေသည်။ အထင်ရှားဆုံးသာဓကမှာ ဥရောပတွင် ပြင်သစ်
ဧကရာဇ် နပိုလီယံ အင်ပါယာ ချဲ့ထွင်ရာတွင် ဂရိတ်ဗြိတိန်ပါဝင်သွားခြင်း မရှိချေ။ ဗြိတိန်သည် ပင်လယ်
အတားအဆီးဖြင့် သဘာဝအကာအရံကို ရရှိထား သောကြောင့်ဖြစ်သည်။
ပင်လယ်ကမ်းရိုးတန်းရှိသောနိုင်ငံတွင် အနေအထား ၂ မျိုးကိုတွေ့ရပြန်သည်။ ကမ်းရိုးတန်းရှည်လျားစွာ
ပိုင်ဆိုင်သောနိုင်ငံနှင့် ပင်လယ်ကမ်းရိုးတန်း အနည်းငယ်သာပိုင်ဆိုင်သောနိုင်ငံဟူ၍ တွေ့ရပြန်သည်။ ပင်လယ်
ကမ်းရိုးတန်းရှည်လျားစွာ ပိုင်ဆိုင်ခြင်းသည် ပင်လယ်ရေတပ်အင်အားကို တည်ဆောက်နိုင်ခွင့်ကိုလည်း
ရရှိသည်။ ထို့အပြင် မိမိပိုင်ဆိုင် ထားသော ပင်လယ်ပြင်၏ မဟာဗျူဟာအချက်အခြာကျမှုသည် ပင်လယ်
ကမ်းရိုးတန်းရှိ နိုင်ငံအတွက် လွန်စွာအရေးပါ သည်။
၃၇။
၃၈။
ကျွန်းနိုင်ငံ
ကျွန်းနိုင်ငံတွင် အမျိုးအစား (၂) မျိုးခွဲခြားနိုင်သည်။
(က) ပင်မကျွန်းကြီးတစ်ခုတည်းသာ တည်ရှိသောနိုင်ငံ
(ခ) ကျွန်းစုများများ စုပေါင်းထားသောနိုင်ငံ ဟူ၍ ဖြစ်သည်။
မာဒါဂတ်စကားသည် ပင်မကျွန်းကြီးတစ်ခုတည်းသာရှိသောနိုင်ငံဖြစ်သည်။ ပင်မကျွန်းကြီးဆိုသည်မှာ နိုင်ငံတွင်
အဓိကပိုင်ဆိုင်ထားသော၊ တစ်ဆက်တည်းရှိ ကုန်းမြေကြီးကို ဆိုလိုသည်။ သီရိလင်္ကာနိုင်ငံသည်လည်း
ပင်မကျွန်းတစ်ခု သာရှိသောနိုင်ငံအမျိုးအစားဖြစ်သည်။ စင်္ကာပူသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။
ကျွန်းစုများစုပေါင်းထား သောနိုင်ငံသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားကဲ့သို့သောသောနိုင်ငံများပင်ဖြစ်သည်။ ထိုကဲ့သို့
17
သောနိုင်ငံများတွင် အဓိကကျွန်း ကြီးများလည်း ရှိသည်။ ကျွန်းငယ်အများအပြားလည်း ပိုင်ဆိုင်ထားသည်။
ဖိလစ်ပိုင်တွင် ကျွန်းပေါင်း ၇၀၀၀ ကျော်ခန့်ရှိ သည်။ အင်ဒိုနီးရှားတွင် ကျွန်းပေါင်း ၁၃၀၀ ရှိသည်။
ကျွန်းနိုင်ငံဖြစ် ခြင်းပေါ်မူတည်၍ အားနည်းချက်၊ အားသာချက်များဖြစ် ပေါ်လာသည်။ ကျွန်းစုအများအပြား
စုစည်းဖြစ်တည် နေခြင်းသည်လည်း အားနည်းချက်ကိုယ်စီရှိနေသည်။
၃၉။
ရာသီဥတုအခြေအနေ (Climate)
ကမ္ဘာ့ရာသီဥတုအား အကြမ်းဖျင်းအားဖြင့် အခြေအနေ (၅) ရပ်တွင်တွေ့ရသည်။ ထိုအခြေအနေတွင် ရှိသော
ဒေသကြီး (၅) ရပ်ရှိသည်။
(၁) ပူလွန်းသော ဒေသ
(၂) အပူပိုင်းဒေသ
(၃) သမပိုင်းဒေသ
(၄) အအေးပိုင်းဒေသ
(၅) အအေးဆုံးဒေသ ဟူ၍ ဒေသကြီး (၅) ခု ပိုင်းခြားနိုင်သည်။
၄၀။ အီကွေတာမျဉ်းပေါ်နှင့် အီကွေတာရပ်ဝန်းဒေသသည် အပူဆုံးဒေသဖြစ်သည်။ ၎င်းသည် အပူပိုင်းဇုံနှင့် ဆက်စပ်
လျက်ရှိသည်။ ဝင်ရိုးစွန်းဒေသများသည် အအေးဆုံးဒေသများဖြစ်သည်။ ထိုဒေသများတွင် တစ်နှစ်ပတ်လုံး
ရေခဲနေသည်။ အီကွေတာရပ်ဝန်းဒေသသည် သဲကန္တာရများဖြင့် အတိပြီးနေသည်။ အထူးသဖြင့် သမပိုင်းဇုံတွင်
ကျရောက်သော နိုင်ငံများ သည် ရာသီဥတုအသင့်အတင့်ရရှိခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လေ့ရှိသည်။
အများအားဖြင့် သမပိုင်းဇုံရှိနိုင်ငံများ သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင် ဖြစ်ထွန်းလေ့ရှိသည်။
၄၁။ အရစ္စတိုတယ်သည် သမပိုင်းဇုံတွင်ရှိသောလူများသည် အပူပိုင်းဇုံနှင့် အအေးပိုင်းဇုံတွင်ရှိသော လူများထက်
အားသာချက်များစွာရှိသည်ဟုဆိုသည်။ အထူးသဖြင့် တွေးခေါ်မြော်မြင်စွမ်းအား၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများတွင်
များစွာ ကွာခြားသည်ဟုဆိုသည်။ ရာသီဥတုအခြေအနေသည် တိုင်းပြည်အတွင်းနေထိုင်သော လူများ၏
စရိုက်လက္ခဏာများ အပေါ်တွင် များစွာ လွှမ်းမိုးမှုရှိသည်။ ဦးနှောက်ဖွံ့ဖြိုးမှု၊ တွေးခေါ်စဉ်းစားနိုင်မှုနှင့်
စိတ်ဓာတ်အရည်အသွေးများသည် မိမိနေထိုင်ရာရာသီဥတုအခြေအနေနှင့် ဆက်သွယ်နေသည်။ ဂေါတမဗုဒ္ဓ
သည် ဥတုသပ္ပာယမျှတခြင်းကို ဟောကြားထားခဲ့သည်လည်းရှိသည်။ ပတိရူပအရပ်ဒေသတွင် ဥတုသပ္ပာယ
မျှတခြင်း သည်လည်း အချက်တစ်ချက်ပါဝင်သည်။
၄၂။ ရာသီဥတုကို ထောင့်ပေါင်းစုံ ဘက်ပေါင်းစုံမှ ကြည့်နိုင်သည်။ နိုင်ငံတစ်ခုအနေဖြင့် ရာသီဥတုအချက် အလက်
များ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံလုံခြုံရေး၊ ကာကွယ်ရေးအတွက် များစွာ အထောက် အကူပြုသည်။
ဂျပန်နိုင်ငံသည် မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်ကို အမြဲလိုလိုခံစားနေရသော နိုင်ငံဖြစ်သည်။ ငလျင်ကြောင့်
ပင်လယ်မုန်တိုင်း၏ ဖျက်ဆီးမှု ဒဏ် ကို ခံစားရသည်။ ထို့ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အနှောက်အယှက်ဖြစ်ရသည်။ ဥရောပမြောက်ပိုင်းနိုင်ငံ တော်တော်များများသည် ရာသီဥတုအေးလွန်းသော
ဒဏ်ကို အန်တုနိုင်ရန် မိမိ၏အိမ်အတွင်း ဓာတ်ငွေ့ဖြင့် အမြဲတမ်းအပူ ပေးထားရသည်။ ရုရှားမှဓာတ်ငွေ့အား
အမြဲတမ်း ဝယ်ယူသုံးစွဲနေရသည့်အတွက် နိုင်ငံဝင်ငွေအား လျော့ပါးစေရသည်။ ရာသီဥတုအေးလွန်း၍
ခရီးသွားလုပ်ငန်းအား အမြဲတမ်း မလုပ်ကိုင်နိုင်ချေ။
၄၃။ ဒုတိယကမ္ဘာစစ်ကာလတွင် ဂျာမနီတို့သည် ရုရှား၏အအေးဒဏ်ကြောင့် စစ်ချီ၊ စစ်တက်ခြင်း မပြုနိုင်ခဲ့ချေ။ ရုရှား
နိုင်ငံ၏ မြောက်ဘက်တစ်ချမ်းလုံးသည် အမြဲအေးခဲနေသောရာသီဥတုရှိခြင်းနှင့် တောင်တန်း၊သစ်တောများ
18
ထူထပ်စွာ ရှိနေခြင်းကြောင့် နိုင်ငံလုံခြုံရေးအတွက် သဘာဝအတားအဆီးကို အလိုအလျောက်ရရှိထားသည်။
အေးလွန်းပူလွန်းသော နိုင်ငံများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမဖြစ်ထွန်း၍ စားနပ်ရိက္ခာဖူလုံမှုအတွက်
အခက်အခဲဖြစ်နိုင်သည်။ အထင်ရှားဆုံး ဥပမာကား အာဖရိကအလယ်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သည်။
အပူပိုင်းသဲကန္တာရဒေသဖြစ်ခြင်းကြောင့် မြစ်ချောင်း အင်းအိုင်ရှားပါးသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး
မဖြစ်ထွန်း။ ထို့အတူ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်ခြင်းမရှိခြင်းကြောင့် ပင်လယ်ဆိုင်ရာ စားရေရိက္ခာလည်း
မရရှိချေ။ နိုင်ငံအတွင်း မြေအောက်သယံဇာတကိုသာ မှီခိုနေရသည်။ နိုင်ငံနယ်နိမိတ် အတွင်း သဘာဝ
သယံဇာတ ခိုအောင်းမှုပမာဏ နည်းပါးလျှင်ကား ပိုမို၍ပင် ဆင်းရဲမွဲတေရသည်။ ရာသီဥတုဆိုသည့် ရှုထောင့်က
ကြည့်ရှုလျှင်ကား သမပိုင်းဇုံတွင် ကျရောက်နေသော နိုင်ငံများသည် အကောင်းဆုံးအနေအထားပင်ဖြစ်သည်။
၄၄။
မြေမျက်နှာသွင်ပြင်အနေအထား (Topography)
နိုင်ငံတစ်နိုင်ငံအတွင်းပိုင်ဆိုင်ထားသော မြေမျက်နှာပြင်အနေအထားသည် လွန်စွာအရေးပါသည်။ မြေမျက်နှာ
သွင်ပြင်ကို လိုက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ မတိုးတက်ခြင်းလည်း ဖြစ်လာရသည်။ မြေမျက်နှာသွင်ပြင်
ကွာခြားရခြင်း၏ အားသာချက်များရှိသည်။
၄၅။ မြေမျက်နှာသွင်ပြင်ကို အကြမ်းဖျင်းအားဖြင့် ဒေသ (၅) မျိုးခွဲခြားနိုင်သည်။
 (၁) တောင်ပေါ်ဒေသ
 (၂) မြေလတ်ဒေသ
 (၃) မြေပြန့်ဒေသ
 (၄) မြစ်ဝကျွန်းပေါ်ဒေသ နှင့်
 (၅) ပင်လယ်ကျွန်းဒေသ ဟု ခွဲခြားသတ်မှတ်နိုင်သည်။
၄၆။
လူဦးရေတည်ရှိမှုပုံစံ (Demography)
Demography သည် နိုင်ငံအတွင်း လူဦးရေပျံ့နှံ့တည်ရှိနေမှုအနေအထားကို လေ့လာသော ဘာသာရပ်ဖြစ်
သည်။ နိုင်ငံတွင်းတည်ရှိနေသော လူဦးရေအချိုးအစား၊ ကျားမ အချိုးအစားနှင့် အသက်အရွယ် ကွာခြားမှုများ
ကို သိပ္ပံ နည်းကျလေ့လာခြင်းဖြစ်သည်။ လူဦးရေတည်ရှိနေမှုပုံစံကို လိုက်၍ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု
အနေအထားကို ကြည့်ရှုသုံး သပ်နိုင်သည်။ လူဦးရေအနေအထားကို လိုက်၍ နိုင်ငံဖွံ့ဖြိုးခြင်း မဖွံ့ဖြိုးခြင်း
ဖြစ်လာသည်။ ထို့ကြောင့် လူဦးရေပမာဏ၊ ထိုပမာဏအတွင်း လူတို့၏အရည်အသွေး အတိုင်းအတာကို
လိုက်၍ တိုးတက်မှုများခြင်း နည်းခြင်းများဖြစ်လာရသည်။
၄၇။ နိုင်ငံအတွင်း လူဦးရေပမာဏ (Population) များပြားခြင်းသည် နိုင်ငံအတွက် ပါဝါရရာရကြောင်း အကြောင်း
တစ်ခုဖြစ်လာနိုင်သလို အားနည်းချက်လည်း ဖြစ်လာနိုင်သည်။ အားနည်းချက်ဆိုသည်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှု
နည်းပါးနေလျှင် များပြားသောလူဦးရေသည် နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်လာနိုင်သည်။ ဆင်းရဲမွဲတေ
သည့်လူဦးရေများ ပြားခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးရသည်။
၄၈။ သို့သော်အခြားတစ်ဖက်တွင်လည်း လူဦးရေများပြားခြင်းကြောင့် ပါဝါတစ်ခုအား အလိုအလျောက် ရရှိလာခြင်း
မျိုးလည်းရှိသည်။ ဥပမာ - တရုတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ဖြစ်သည်။ တရုတ်သည် လူဦးရေ ၁ ဒသမ ၃
ဘီလီယံရှိ သည်။ အိန္ဒိယသည် လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိသည်။ အမေရိကန်သည် လူဦးရေ သန်း ၃၅၀
ခန့်ရှိသည်။ ရှေးအခါက လူဦးရေများပြားခြင်းသည် စစ်သည်အင်အား များပြားစေခြင်း အကြောင်း
တစ်ခုဖြစ်သောကြောင့် နိုင်ငံ၏စစ်ရေးပါဝါကို အလိုအလျောက်ဖြည့်တင်းပြီးသားဖြစ်နေသည်။ လူဦးရေများ
19
ပြားလာစေခြင်း၏ အဓိကသာဓကတစ်ခုရှိသည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီကာလအတွင်း နာဇီဂျာမနီမှ
ဟစ်တလာသည် လူဦးရေတိုးပွားရေးစီမံကိန်းကို အကောင်အထည် ဖော်ခဲ့သည်။ မိသားစုများအား ကလေး
များများ မွေးစေရန် ချေးငွေများ၊ ထောက်ပံ့ကြေးများ ပေးသည့် အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအင်အား
ကြီးမားရခြင်း၏ အကြောင်းတွင် စွမ်းရည်ရှိသောလူဦးရေများပြားစွာတည်ရှိနေခြင်းသည်လည်း တစ်ခုအပါ
အဝင်ဖြစ်သည်။
၄၉။ နိုင်ငံ၏လူဦးရေအရွယ်အစားနှင့် အရည်အသွေးကို ချင့်ချိန်နိုင်ရန် အဓိကသိထားရမည့်အချက်ကား
Population, Workforce နှင့် Human Resources ဟူသော ဝေါဟာရများကို ခွဲခွဲခြားခြား သိမြင်ရန်ပင်
ဖြစ်သည်။ Population ဟူသည် လူဦးရေအရေအတွက်သာဖြစ်သည်။ အရည်အသွေးမဟုတ်သေးချေ။
နိုင်ငံအတွင်း မွေးကင်းစကလေးမှအစ သေခါနီး လူကြီးများအထိ ရေတွက်ထားသော အရေအတွက်
ပမာဏဖြစ်သည်။ Workforce သည် လူဦးရေ အရေအတွက်ထဲမှ အလုပ်လုပ်နိုင်စွမ်းရှိသော လူများကို
ဆိုလိုသည်။ အသက်အရွယ်အားဖြင့် ၁၆ နှစ် နှင့် ၆၅ နှစ် ကြားရှိသော လူဦးရေ ပမာဏကို ဆိုလိုသည်။
ထိုအလုပ်လုပ်နိုင်သည့် လူဦးရေထဲတွင်မှ ပညာဖြင့်လုပ်ကိုင်သော ကော်လာဖြူလုပ်သားများကို သာ
လူ့အရင်းအမြစ် Human Resource ဟု ခေါ်နိုင်သည်။ အထူးသဖြင့် Human Resource သည်
ကာယလုပ်သား မဟုတ်။ ဦးနှောက်လုပ်သားဖြစ်သည်။ နိုင်ငံ့လူဦးရေအတွင်း ဦးနှောက်လုပ်သားများ
များပြားလာလေလေ နိုင်ငံတိုးတက်မှု မြင့်မားလာလေလေ ဖြစ်သည်။
၅၀။
သဘာဝသယံဇာတခိုအောင်းမှု ပမာဏ
နိုင်ငံတစ်နိုင်ငံအနေနှင့် သဘာဝသယံဇာတတည်ရှိနေမှုသည် လွန်စွာအရေးပါသည်။ အကြောင်းမှ သဘာဝ
သယံဇာတသည် ဖွံ့ဖြိုးရေးဖြစ်စဉ်များနှင့် တွဲဖက်နေသောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် သဘာဝ
သယံဇာတ ကြွယ်ဝလျှင် ကံကပေးသော မဟာကောင်းချီးတစ်ခုဖြစ်သည်။ သယံဇာတကို အမှီပြု၍
နိုင်ငံဖွံ့ဖြိုးတိုး တက်အောင် လုပ်ဆောင်နိုသည်။ အထူးသဖြင့် သယံဇာတသည် သူချည်းသက်သက်
အဖိုးတန်သည်။ သို့သော် နည်းပညာဖြင့် ပေါင်းစပ်၍ ထုတ်လုပ်နိုင်ပါက ပို၍ တန်ဖိုးမြင့်လာသည်။ ဤသည်ကို
Value added ဟု ဆိုကြသည်။
၅၁။ သဘာသယံဇာတရှိခြင်းသည် ချမ်းသာသော နိုင်ငံဖြစ်စေရန် အကြောင်းဖြစ်သည်။ သို့သော် သယံဇာတ
ကြွယ်ဝတိုင်း ချမ်းသာကြွယ်ဝလိမ့်မည်ဟု တစ်ထစ်ချ တရားသေ မှတ်ယူ မထားသင့်ချေ။ သယံဇာတ
ကြွယ်ဝပြီး ဆင်းရဲသော နိုင်ငံများလည်း အများအပြားရှိသည်။ အာဖရိက နိုင်ငံတော်တော်များများသည်
ထိုနည်းလည်းကောင်း ဖြစ်သည်။ သယံဇာတများဖြစ်သာ စိန်၊ သတ္ထုနှင့် ရွှေ၊ သစ် အစရှိသည့်
သဘာဝသယံဇာတများရှိသော်လည်း ပြည်တွင်း ပဋိပက္ခများနှင့် ပြည့်နှက်နေသည်။ ပြည်တွင်းစစ်များနှင့်
နိုင်ငံဆင်းရဲရသည်။
၅၂။ နည်းပညာမရှိခြင်း၊ ပြည်တွင်းတည်ငြိမ်မှုမရှိခြင်း(တနည်း) တရားဥပဒေစိုးမိုးမှု မရှိခြင်း စသည့်
အချက်များကြောင့် ဆင်းရဲရသည်။ စင်ကာပူနိုင်ငံသည် သယံဇာတအားဖြင့် ဘာမျှမထွက်။ သို့သော် မိမိနိုင်ငံကို
ချမ်းသာကြွယ်ဝအောင် လုပ်ဆောင်နိုင်ပေသည်။
Natural Resource + Technology + Regulation = Wealth State
Natural Resource + Technology – Regulation = Fail State
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)

Contenu connexe

Tendances

Geopolitics of myanmar
Geopolitics of myanmarGeopolitics of myanmar
Geopolitics of myanmaraungkokotoe
 
Lesson 2 superpowers and geostrategic theory
Lesson 2  superpowers and geostrategic theoryLesson 2  superpowers and geostrategic theory
Lesson 2 superpowers and geostrategic theoryJames Foster
 
Jss (letter 12) - copy
Jss (letter   12) - copyJss (letter   12) - copy
Jss (letter 12) - copyaungkokotoe
 
China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmaraungkokotoe
 
Geopolitic theory & myanmar's strategic location
Geopolitic theory & myanmar's strategic locationGeopolitic theory & myanmar's strategic location
Geopolitic theory & myanmar's strategic locationaungkokotoe
 
Introduction to strategic studies & key concepts 2013 1
Introduction to strategic studies & key concepts 2013 1Introduction to strategic studies & key concepts 2013 1
Introduction to strategic studies & key concepts 2013 1bakri303
 
Military power
Military powerMilitary power
Military powerTeeranan
 
Continental schools of thoughts in strategic studies.
Continental schools of thoughts in strategic studies.Continental schools of thoughts in strategic studies.
Continental schools of thoughts in strategic studies.cliffordcomondi
 
Jss (letter 18) - copy
Jss (letter   18) - copyJss (letter   18) - copy
Jss (letter 18) - copyaungkokotoe
 
Mahan Sea Power
Mahan Sea PowerMahan Sea Power
Mahan Sea PowerFAROUQ
 
Militarization of Indian Ocean
Militarization of Indian OceanMilitarization of Indian Ocean
Militarization of Indian OceanWaqar Khattak
 
Basic class of strategic studies
Basic class of strategic studiesBasic class of strategic studies
Basic class of strategic studiesUmmeSayeda
 
3 Schools of Geopolitics.pptx
3 Schools of Geopolitics.pptx3 Schools of Geopolitics.pptx
3 Schools of Geopolitics.pptxeshitaakter2
 
TRADOC OE Operational Environment 2010-2025
TRADOC OE Operational Environment 2010-2025TRADOC OE Operational Environment 2010-2025
TRADOC OE Operational Environment 2010-2025US Army TRADOC G2
 
Human Rights During Armed Conflicts.pptx
Human Rights During Armed Conflicts.pptxHuman Rights During Armed Conflicts.pptx
Human Rights During Armed Conflicts.pptxRaushan Kumar
 
Strategy by liddell hart
Strategy by liddell hartStrategy by liddell hart
Strategy by liddell hartmarlontmartinez
 

Tendances (20)

Geopolitics of myanmar
Geopolitics of myanmarGeopolitics of myanmar
Geopolitics of myanmar
 
Lesson 2 superpowers and geostrategic theory
Lesson 2  superpowers and geostrategic theoryLesson 2  superpowers and geostrategic theory
Lesson 2 superpowers and geostrategic theory
 
Jss (letter 12) - copy
Jss (letter   12) - copyJss (letter   12) - copy
Jss (letter 12) - copy
 
China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Geopolitic theory & myanmar's strategic location
Geopolitic theory & myanmar's strategic locationGeopolitic theory & myanmar's strategic location
Geopolitic theory & myanmar's strategic location
 
Introduction to strategic studies & key concepts 2013 1
Introduction to strategic studies & key concepts 2013 1Introduction to strategic studies & key concepts 2013 1
Introduction to strategic studies & key concepts 2013 1
 
Arms control / Balan
Arms control / BalanArms control / Balan
Arms control / Balan
 
Military power
Military powerMilitary power
Military power
 
Classical views of geopolitics
Classical views of geopoliticsClassical views of geopolitics
Classical views of geopolitics
 
Continental schools of thoughts in strategic studies.
Continental schools of thoughts in strategic studies.Continental schools of thoughts in strategic studies.
Continental schools of thoughts in strategic studies.
 
geopolitics.ppt
geopolitics.pptgeopolitics.ppt
geopolitics.ppt
 
Week 2
Week 2Week 2
Week 2
 
Jss (letter 18) - copy
Jss (letter   18) - copyJss (letter   18) - copy
Jss (letter 18) - copy
 
Mahan Sea Power
Mahan Sea PowerMahan Sea Power
Mahan Sea Power
 
Militarization of Indian Ocean
Militarization of Indian OceanMilitarization of Indian Ocean
Militarization of Indian Ocean
 
Basic class of strategic studies
Basic class of strategic studiesBasic class of strategic studies
Basic class of strategic studies
 
3 Schools of Geopolitics.pptx
3 Schools of Geopolitics.pptx3 Schools of Geopolitics.pptx
3 Schools of Geopolitics.pptx
 
TRADOC OE Operational Environment 2010-2025
TRADOC OE Operational Environment 2010-2025TRADOC OE Operational Environment 2010-2025
TRADOC OE Operational Environment 2010-2025
 
Human Rights During Armed Conflicts.pptx
Human Rights During Armed Conflicts.pptxHuman Rights During Armed Conflicts.pptx
Human Rights During Armed Conflicts.pptx
 
Strategy by liddell hart
Strategy by liddell hartStrategy by liddell hart
Strategy by liddell hart
 

En vedette

Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)aungkokotoe
 
Geopolitical theory
Geopolitical theoryGeopolitical theory
Geopolitical theorycindipatten
 
Covering the Nov. 8 Election in Myanmar -- Burmese translation
Covering the Nov. 8 Election in Myanmar -- Burmese translationCovering the Nov. 8 Election in Myanmar -- Burmese translation
Covering the Nov. 8 Election in Myanmar -- Burmese translationLinda Austin
 
Return to-where-for-burmese
Return to-where-for-burmeseReturn to-where-for-burmese
Return to-where-for-burmeseZaw Aung
 
Quotation for Motivation (Burmese)
Quotation for Motivation (Burmese)Quotation for Motivation (Burmese)
Quotation for Motivation (Burmese)aungkokotoe
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)aungkokotoe
 
ဘာတွေးတွေးဇောက်ထိုးတွေး
ဘာတွေးတွေးဇောက်ထိုးတွေးဘာတွေးတွေးဇောက်ထိုးတွေး
ဘာတွေးတွေးဇောက်ထိုးတွေးKyaw Tun
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)aungkokotoe
 
15. NECS 2016_ Investment opportunities in tourism in NER Mr.Gautam Chintey
15. NECS 2016_   Investment opportunities in tourism in NER Mr.Gautam Chintey15. NECS 2016_   Investment opportunities in tourism in NER Mr.Gautam Chintey
15. NECS 2016_ Investment opportunities in tourism in NER Mr.Gautam ChinteyFICCINorthEast
 
Motivation
MotivationMotivation
MotivationAastha
 

En vedette (20)

Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 
Geopolitical theory
Geopolitical theoryGeopolitical theory
Geopolitical theory
 
Covering the Nov. 8 Election in Myanmar -- Burmese translation
Covering the Nov. 8 Election in Myanmar -- Burmese translationCovering the Nov. 8 Election in Myanmar -- Burmese translation
Covering the Nov. 8 Election in Myanmar -- Burmese translation
 
Return to-where-for-burmese
Return to-where-for-burmeseReturn to-where-for-burmese
Return to-where-for-burmese
 
Association law
Association lawAssociation law
Association law
 
Geopolitical issues
Geopolitical issuesGeopolitical issues
Geopolitical issues
 
G10 natural regions
G10 natural regionsG10 natural regions
G10 natural regions
 
Jss (letter 4)
Jss (letter 4)Jss (letter 4)
Jss (letter 4)
 
Quotation for Motivation (Burmese)
Quotation for Motivation (Burmese)Quotation for Motivation (Burmese)
Quotation for Motivation (Burmese)
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)
 
Jss (letter 16)
Jss (letter 16)Jss (letter 16)
Jss (letter 16)
 
ဘာတွေးတွေးဇောက်ထိုးတွေး
ဘာတွေးတွေးဇောက်ထိုးတွေးဘာတွေးတွေးဇောက်ထိုးတွေး
ဘာတွေးတွေးဇောက်ထိုးတွေး
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
15. NECS 2016_ Investment opportunities in tourism in NER Mr.Gautam Chintey
15. NECS 2016_   Investment opportunities in tourism in NER Mr.Gautam Chintey15. NECS 2016_   Investment opportunities in tourism in NER Mr.Gautam Chintey
15. NECS 2016_ Investment opportunities in tourism in NER Mr.Gautam Chintey
 
Geopolitics Key
Geopolitics KeyGeopolitics Key
Geopolitics Key
 
Telangana
TelanganaTelangana
Telangana
 
Karnataka
KarnatakaKarnataka
Karnataka
 
Karnataka State
Karnataka StateKarnataka State
Karnataka State
 
Motivation
MotivationMotivation
Motivation
 
Motivation All Theory
Motivation All TheoryMotivation All Theory
Motivation All Theory
 

Plus de aungkokotoe

Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methodsaungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracyaungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thaytaungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeaungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toeaungkokotoe
 
How nationalism
How nationalism How nationalism
How nationalism aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalismaungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number threeaungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number twoaungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number oneaungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's bookaungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politicsaungkokotoe
 
Education Reform for Technological Universities in Myanmar
Education Reform for Technological Universities in MyanmarEducation Reform for Technological Universities in Myanmar
Education Reform for Technological Universities in Myanmaraungkokotoe
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your lifeaungkokotoe
 
Political leadership
Political leadershipPolitical leadership
Political leadershipaungkokotoe
 
The role of military
The role of militaryThe role of military
The role of militaryaungkokotoe
 
The next generation & the next society
The next generation & the next societyThe next generation & the next society
The next generation & the next societyaungkokotoe
 
Political science (introduction)
Political science (introduction)Political science (introduction)
Political science (introduction)aungkokotoe
 

Plus de aungkokotoe (20)

Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Education Reform for Technological Universities in Myanmar
Education Reform for Technological Universities in MyanmarEducation Reform for Technological Universities in Myanmar
Education Reform for Technological Universities in Myanmar
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your life
 
Party building
Party buildingParty building
Party building
 
Political leadership
Political leadershipPolitical leadership
Political leadership
 
The role of military
The role of militaryThe role of military
The role of military
 
The next generation & the next society
The next generation & the next societyThe next generation & the next society
The next generation & the next society
 
Political science (introduction)
Political science (introduction)Political science (introduction)
Political science (introduction)
 

Strategic important of Myanmar (Burmese)

  • 1. 1 မန္တလေး တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာသင်တန်း (အမှတ်စဉ် - ၁) ၂၀၁၄ / ၂၀၁၅ မြန်မာ့ပထဝီနိုင်ငံရေး လေ့လာဆန်းစစ်ချက် နှင့် တရုတ်နှင့် အိန္ဒိယအကြား မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး အရေးပါပုံ (စက်တင်ဘာလ/ ၂၀၁၅) 1 မန္တလေး တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာသင်တန်း (အမှတ်စဉ် - ၁) ၂၀၁၄ / ၂၀၁၅ မြန်မာ့ပထဝီနိုင်ငံရေး လေ့လာဆန်းစစ်ချက် နှင့် တရုတ်နှင့် အိန္ဒိယအကြား မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး အရေးပါပုံ (စက်တင်ဘာလ/ ၂၀၁၅) 1 မန္တလေး တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာသင်တန်း (အမှတ်စဉ် - ၁) ၂၀၁၄ / ၂၀၁၅ မြန်မာ့ပထဝီနိုင်ငံရေး လေ့လာဆန်းစစ်ချက် နှင့် တရုတ်နှင့် အိန္ဒိယအကြား မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး အရေးပါပုံ (စက်တင်ဘာလ/ ၂၀၁၅)
  • 2. 2 မြန်မာ့ပထဝီနိုင်ငံရေး လေ့လာဆန်းစစ်ချက် နှင့် တရုတ်နှင့် အိန္ဒိယအကြား မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး အရေးပါပုံ စာတမ်းရေးသားတင်သွင်းသည့် ကျောင်းသားများ ၁။ မောင်လှစိုးညွှန့် DPS – 4 ၂။ မောင်အောင်ကိုကိုတိုး DPS – 10 ၃။ မနန်းတင်တင်မြ DPS – 16 ၄။ မောင်ထွန်းလင်း DPS – 35 ၅။ မစုမြတ်ထက် DPS – 73 ၆။ စောထိန်သိန်း DPS - 115 ၇။ မောင်ပြည်သင်းနိုင် DPS – 139
  • 3. 3 မာတိကာ စဉ် အကြောင်းအရာ စာမျက်နှာ သုတေသနပြုစုပုံ ၄ စာတမ်း အနှစ်ချုပ် ၅ နိဒါန်း ၆ (က) မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များ ၈ (ခ) ပထဝီနိုင်ငံရေးဆိုင်ရာ အချက်အလက်များ ၁၄ (ဂ) မြန်မာ့ ပထဝီနိုင်ငံရေးဆိုင်ရာ အခြေအနေများ ၂၆ (ဃ) ပထဝီနိုင်ငံရေးသဘောတရားများနှင့် ဆက်စပ်အကြောင်းတရားများ ၃၀ (င) နိုင်ငံတကာဆက်ဆံရေး အခြေအနေများ ၄၃ (စ) အထွေထွေ သုံးသပ်ချက်များ ၅၀ (၁) မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး ပြဿနာနှင့် စိန်ခေါ်ချက်များ (၂) တရုတ်နှင့် အိန္ဒိယအကြား မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါပုံ ၅၀ ၅၃ ကိုးကားစာရင်း ၆၈ နောက်ဆက်တွဲ ၆၉
  • 4. 4 သုတေသနပြုစုပုံ ဤစာတမ်းသည် မြန်မာ့ပထဝီနိုင်ငံရေးကို တင်ပြထားသော စာတမ်းဖြစ်သည်။ စာတမ်း အမျိုးအစားမှာ Literature Research အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံနှင့် ပက်သက် သော အကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏ ပထဝီရေးရာအချက်အလက်များကို မူတည်၍ ပထဝီနှင့် နိုင်ငံရေး ပက်သက်ဆက်စပ်နေပုံကို တင်ပြထားခြင်းဖြစ်သည်။ သုတေသနပုံစံမှာ Descriptive Research ပုံစံဖြစ်သည်။ ထို့ကြောင့် ပထဝီအပေါ် အခြေခံသော အချက်များကြောင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံ ရေးနှင့် ပထဝီစီးပွားရေးတို့အပေါ် မည်သို့ မည်ပုံ သက်ရောက်ပုံကို တင်ပြထားပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ မဟာဗျူဟာမြောက် တည်နေရာတွင် ရှိနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယ အပါအဝင် ဒေသတွင်း နိုင်ငံများနှင့် မည်သို့ မည်ပုံ အနေအထားမျိုးကို ရောက်ရှိနေ သည်ကို တင်ပြထားသည်။ ထိုအချက်အလက်များ၊ အကြောင်းတရားများကို ထောက်ရှု၍ မြန်မာ့နိုင်ငံရေးနှင့်ပက် သက်ဆက်နွှယ်နေသူများသည် မည်သို့ ကိုယ်တွယ်ရန် လိုသည်ဆိုသည့် အချက်များ ကို တင်ပြထားပါသည်။ စာတမ်း၏ ရည်ရွယ်ချက်။ ။ တရုတ်နှင့် အိန္ဒိယအကြား ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက်တည်ရှိမှု အကြောင်းတရားများကို သိရှိလေ့လာနိုင်ရန် ရည်ရွယ်၍ ဤစာတမ်းကို ရေးသားပြုစုပါသည်။ သုတေသန မေးခွန်း။ ။ မည်သို့သော အကြောင်းတရားများက တရုတ်နှင့် အိန္ဒိယအကြား တည်ရှိနေသော မြန်မာနိုင်ငံကို မဟာဗျူဟာမြောက် အရေးပါစေသနည်း။
  • 5. 5 စာတမ်းအနှစ်ချုပ် ဤစာတမ်းကို အဓိက အပိုင်းကြီး ( ၆ ) ပိုင်းဖြင့် ရေးသားတင်ပြထားပါသည်။ ပထမအပိုင်း (၁) ၌ မြန်မာနိုင်ငံ၏ သမိုင်းကောက်ကြောင်းနှင့် ပထဝီဝင် အချက်အလက်များကို တင်ပြထားပါသည်။ သမိုင်း ကောက်ကြောင်းတွင် နိုင်ငံရေးနောက်ခံအကြောင်းအရင်းများနှင့် စီးပွားရေးစနစ်များ ပြောင်းလဲကျင့်သုံးပုံကို တင်ပြထားသည်။ လက်ရှိ အသွင်ကူးပြောင်းနေသည့် နိုင်ငံရေးအခြေအနေနှင့် စီးပွားရေး အခြေအနေများကို စာတမ်းပါ အကြောင်းအချက်များအား အပံ့အပိုးဖြစ်စေခြင်းငှာ ရေးသားတင်ပြထားပါသည်။ ဒုတိယအပိုင်း (၂) ၌ ပထဝီနိုင်ငံရေး ဆိုင်ရာ အချက်အလက်များကို တင်ပြထားပါသည်။ အဆိုပါ အချက်အလက်များတွင် ပထဝီ ရေးရာ၏ အခြေပြုရာ ဝေါဟာရများဖြစ်သော၊ တည်နေရာ၊ အကျယ်အဝန်း၊ မြေမျက်နှာသွင်ပြင်၊ သဘာဝသယံဇာတ၊ လူဦးရေ၊ ရာသီဥတုအခြေအနေက အစ နိုင်ငံတစ်ခု၏ ပုံသဏ္ဍာန်အလိုက် နိုင်ငံရေးအခြေအနေကို ပြုပြင်စီရင်ဖန်တီးသော အကြောင်း တရားများ ဖြစ်နိုင်သည်ဆိုသည့် အချက်များကို ယထာဘူတကျကျ ရေးသား ပြုစုထားပါသည်။ တတိယအပိုင်း (၃) ၌ မြန်မာ့ ပထဝီနိုင်ငံရေးဆိုင်ရာ အခြေအနေများကို တင်ပြထားပါသည်။ ပညာရပ်ဆိုင်ရာ အချက်အလက် များနှင့် မြန်မာ့ပထဝီနိုင်ငံရေးအခြေအနေများကို ဖော်ပြထားပါသည်။ မြန်မာ့ပထဝီနိုင်ငံရေးလေ့လာဆန်းစစ်ချက်အဖြစ် ဖြစ်စဉ် (၃)ခုကို သာဓက တင်ထားသည်။ ရခိုင်၌ ဘင်္ဂလီကိစ္စ၊ ဝ နှင့် ကိုးကန့်ပဋိပက္ခအရေး နှင့် ကချင်ဒေသ ကိစ္စကို အဓိက တင်ပြ ထားပါသည်။ နောက်ဆုံး၏ မြန်မာနိုင်ငံ၏ ပထဝီရေးအရ အားသာချက်များကို ဖော်ပြထားသည်။ အဆိုပါ အချက်များကို ဖတ်ရှု၍ မဟာဗျူဟာမြောက်အရေးပါမှုကို ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။ စတုတ္ထအပိုင်း (၄) ၌ ပထဝီနိုင်ငံရေး သဘောတရားကြီး (၄) ရပ်ကို သိသင့်သိထိုက်သော ပထဝီနိုင်ငံရေးအချက်အလက်များဖြင့် ပေါင်းစပ်ပြုစုထားပါသည်။ ထို့အပြင် သဘောတရားနှင့် လက်တွေ့ ယှဉ်စပ်ပြသော တင်ပြချက်မျိုးဖြင့် ရေးသားထားပါသည်။ ထိုသို့ရေးသားတင်ပြရခြင်း၏ အဓိကအကြောင်းမှာ - ပထဝီနိုင်ငံရေးသဘောတရားများသည် ပြည်ပရေးရာဖြစ်သော နိုင်ငံတကာ ရေး၊ ကမ္ဘာ့အရေးများ၌သာမက ပြည်တွင်းနိုင်ငံရေးတွင်လည်း အပ်စပ်အသုံးပြုအပ်ကြောင်းနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေ များနှင့်ပါ သက်ဆိုင်စေကြောင်း သတိထားစေလို၍ တင်ပြခြင်း ဖြစ်ပါသည်။ ပဉ္စမအပိုင်း (၅) ၌ နိုင်ငံတကာဆက်ဆံရေး အခြေအနေများကို တင်ပြထားသည်။ ပထဝီနိုင်ငံရေးသည် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအပေါ် အဓိက ပြဌာန်းသည့် အကြောင်းတရားဖြစ်ရာ နိုင်ငံတကာဆက်ဆံရေး အခြေအနေများနှင့် နှိုင်းယှဉ်လေ့လာရန် ရေးသားတင်ပြထားခြင်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားရေး မူဝါဒများ၊ ခေါင်းဆောင်များ၏ သဘောထားများက နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် မည်မျှ အရေးပါ အရာရောက်ကြောင်းသိစေရန် ဖြစ်သည်။ ထို့အပြင် လက်တွေ့ အသုံးဝင်သော မူဝါဒ စာတမ်းတစ်စောင်ဖြစ်ရန် ရည်ရွယ်ခြင်းကြောင့်လည်းဖြစ်သည်။ နိဂုံးပိုင်းကိုကား အထွေထွေသုံးသပ်ချက်များဖြင့် နိတ္ထိံထားသည်။ နိဂုံးပိုင်း (၂) ပိုင်းရှိသည်။ ပထမတစ်ခုမှာ မြန်မာအတွက် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်ချက်များဖြစ်သည်။ ဒုတိယတစ်ခုမှာ စာတမ်း၏ အနှစ်သာရပိုင်းဖြစ်သော တရုတ်နှင့် အိန္ဒိယ အကြား မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါပုံကို တင်ပြထားသည်။ အဆိုပါ အပိုင်းကို တရုတ်အပိုင်းနှင့် အိန္ဒိယအပိုင်းကို ခွဲခြားတင်ပြထားသည်။ တရုတ်နှင့် အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ် သဘောထား၊ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း နှိုင်းယှဉ်သုံးသပ်နိုင်စေပြီး မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက်တည်ရှိမှုကို နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ အကောင်းဆုံးအသုံးချနိုင်ရန် ရည်ရွယ်၍ ရေးသားထားကြောင်း….. တင်ပြအပ်ပါသည်။
  • 6. 6 နိဒါန်း မြန်မာသည် အာရှတွင်အရေးပါသောမဟာဗျူဟာမြောက်နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ ထိုသို့ မဟာဗျူဟာ မြောက်နိုင်ငံဖြစ်ခြင်း ကားကံကပေးသောတည်နေရာကြောင့်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် Strategic Location ကိုအပိုင်စီးရ ထားသည်။ မြန်မာသည် အရှေ့တောင်အာရှတွင် ပါဝင်သည်။ ထို့အတူတောင်အာရှနှင့် အရှေ့တောင်အာရှတို့ ဆက်စပ်ရာနေရာ မှာရှိနေသည်။ တောင်အာရှကို အိန္ဒိယက လွှမ်းမိုးသည်။ အရှေ့တောင်အာရှကိုတရုတ်ကလွှမ်းမိုးသည်။ ထိုမဟာအင်အားကြီး နိုင်ငံနှစ်နိုင်ငံကြားတွင် မြန်မာရှိ သည်။ မြန်မာအတွက် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဖြစ်သည်။ အဓိကမှာ နိုင်ငံ့ခေါင်းဆောင် များဖြစ်သည်။ အနာဂတ်တွင် မျိုးဆက်သစ် ခေါင်းဆောင်များပထဝီနိုင်ငံရေးအသိပါးနပ်ရန်လိုအပ်သည်။ သို့မဟုတ်ကား မြန်မာအတွက် အနာဂတ်တွင် ရင်လေးစရာ။ ထို့ကြောင့် အနာဂတ်မြန်မာ့ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များပထဝီနိုင်ငံရေးအသိကို ကြိုတင်လေ့လာရန် လိုသည်။ လေ့လာရုံဖြင့် မပြီးပထဝီသဘော၏ အနက်ထဲသို့ ဝင်ရောက်ထားရမည်။ စနစ်သည် ပြောင်းသည်။ မူဝါဒသည် ပြောင်းသည်။ လူသည် ပြောင်းသည်။ မပြောင်းမလဲကျန်ရှိနေသည်ကားပထဝီပင်ဖြစ်သည်။ နိုင်ငံတစ်ခုအားမည်သို့ခါမျှ ပုံသေမတွက်ရာ။ ပုံသေတွက်သော နိုင်ငံ့ခေါင်းဆောင်သည် လှည့်ကွက်မိ၍ မရှုမလှ ဇာတ်သိမ်းရတတ်သည်။ မြန်မာအတွက် ပထဝီသည် အရေးကြီးသည်။ ထို့နောက် အရေးလည်းပါသည်။ ပထဝီကြောင့်ပင် မြန်မာသည် သူမတူအောင် တိုးတက်နိုင်သလို သူမတူ အောင် ခံရသည်လည်း ဖြစ်နိုင်သည်။ သတိချပ်ရန်ကားပထဝီသဘောကို နိုင်ငံ့ခေါင်းဆောင်များသိနေရုံဖြင့် မပြီး ပြည်သူအများပါ မသိစိတ်တွင် စွဲကပ်နေရန်လိုအပ်သည်။ ပထဝီနိုင်ငံရေးသည် နိုင်ငံရေးပထဝီမှ ဆင်းသက်လာသောဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးပထဝီဝင် ဆိုသည့် ဘာသာရပ်များသည် လူမှုရေးပထဝီနှင့် ဆက်စပ်နေသည်။ ပထဝီနိုင်ငံရေးလေ့လာရာတွင် Political Geography ကိုမလေ့လာ၍ မရ။ ထို့အတူ Human Geography ကိုမလေ့လာ၍ မရ။ လူမှုရေး ပထဝီဝင် ဘာသာရပ်သည် ပထဝီနှင့် လူကိုတွဲဆက်လေ့လာသောဘာသာရပ်ဖြစ်သည်။ လူမှုရေးပထဝီသည် ပထဝီဆိုသည့် မြေရေအပေါ် တည်ရှိနေသော လူမှုရေးဖြစ်စဉ်ကြီးအားလေ့လာခြင်းလည်းဖြစ်သည်။ အထူးသဖြင့် Social Science ဘာသာရပ်မျိုးလည်းဖြစ်သည်။ ပထဝီနိုင်ငံရေးတွင် အရေးကြီးသည်ကား နိုင်ငံရေးအသိဖြစ်သည်။ နောက်ထပ်အရေးကြီးသည်ကား ပထဝီတို့၏ သဘော ဖြစ်သည်။ ပထဝီသဘောကိုကျေညက်လျှင် နိုင်ငံရေးအသိဖြင့် ပေါင်းစပ်ရမည်။ ပထဝီအပေါင်း နိုင်ငံရေး အသိဆိုလျှင် ပထဝီနိုင်ငံရေးအမြင်ကိုမှန်းဆနိုင်လိမ့်မည်။ ပထဝီနိုင်ငံရေးလေ့လာသူသည် ပထဝီဝင် ပညာရှင်များ ကဲ့သို့ ပထဝီပညာရပ် ပါအချက်အလက်များအားအသေးစိတ်လေ့လာရန် မလိုအပ်ချေ။ လေ့လာနိုင်လျှင်ကား အပြစ်မဟုတ်။ သို့သော် ပထဝီတို့ ဖြစ်လေ့ဖြစ်ထရှိသောသဘောတရားကိုဗဟိုပြု၍ စနစ်တကျလေ့လာထားရန် လိုသည်။ ပထဝီအခြေခံသော နိုင်ငံရေးအသိ ဖြင့် ပထဝီနိုင်ငံရေးအမြင်ကိုရအောင် ကြိုးစားအားထုတ်သင့်သည်။ အနာဂတ်အတွက် ခေါင်းဆောင်ဖြစ်ရန် ရည်မှန်းသူကား ကြိုးစားအားထုတ်သင့်သည်မဟုတ်၊ ကြိုးစားအားထုတ် ရမည်ပင်ဖြစ်သည်။ ပထဝီနိုင်ငံရေးသည် မြန်မာအတွက် အလွန်အရေးကြီးလာသည်။ အကြောင်းမှာအိန္ဒိယနှင့်တရုတ်တို့ မဟာအင်အား ကြီးမှ မဟာအင်အားလွန်အဆင့်သို့ တက်လှမ်းရန် ခြေတကြွကြွဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ကိုယ့်ထက်အင်အား သာသူများအကြား ခိုင်ခိုင်မာမာရပ်တည်နိုင်ရန် တောင့်တင်းနေ၍ မဖြစ်။ ပျော့ပြောင်းရမည်။ သိမ်မွေ့ရမည်။ အလှုပ်အရှားအရာတွင် ညင်သာရမည်။ ထိုအရာသည် မဟာဗျူဟာဖြစ်သည်။ သံဇောင်းထက် ရေဇောင်းထက်၏။ သို့သော် ထင်းခွဲလျှင်ကားရေဖြင့် ပက်၍ မရ။
  • 7. 7 မြန်မာသည် ရေကဲ့သို့ ကျင့်ရန်လိုသည်။ ထို့အတူ ရေကဲ့သို့သောစွမ်းအင်မျိုးကိုလည်းပိုင်ဆိုင်ရန် သင့်သည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးတွင် ရှေးပဝေသဏီတုန်းက ကဲ့သို့ တောင့်တောင့်ကြီးရပ်နေ၍ မရတော့။ ဂလိုဘယ်ခေတ်တွင် ဤနည်းသည် ဒိတ်အောက်သွားချေပြီ။ အထူးသဖြင့် မဟာအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတွင် သိမ်မွေ့ ရန်လိုသည်။ အကြမ်းပတမ်း မကိုင်ရ။ နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ပဲပြားပင်ကဲ့သို့ ပျော့ပြောင်းရမည်။ တစ်ခါတရံလေ ယူရာယိမ်း တတ်ရမည်။ လေယူရာယိမ်းသည် ဆိုခြင်းကားအမြဲတမ်းယိမ်းကနေရန် ဟုဆိုခြင်းမဟုတ်။ မဟာဗျူဟာပိုင်းတွင် ခိုင်မာ၍ နည်းဗျူဟာပိုင်းတွင် ပျော့ပြောင်းရမည်ဟုဆိုခြင်းဖြစ်သည်။
  • 8. 8 (က) မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များ ၁။ ဤစာတမ်းသည် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးကို ဗဟိုပြု၍ လေ့လာသုံးသပ်ခြင်းဖြစ်သည်။ ထို့ကြောင့် (၁) မြန်မာနိုင်ငံနှင့် ပက်သက်သော ပထဝီရေးရာ အချက်အလက်များ၊ (၂) မြန်မာနိုင်ငံနှင့် ပက်သက်သော နိုင်ငံရေး အခြေအနေများ၊ (၃) မြန်မာနိုင်ငံနှင့် ပက်သက်သော စီးပွားရေး အခြေအနေများကို ယေဘုယျတင်ပြရန် လိုအပ်သည်။ မြို့တော် - နေပြည်တော် (ပျဉ်းမနား) အလံ - ဝါ၊ စိမ်း၊ နီ အရောင် (၃) ရောင်ပါရှိပြီး အလယ်တွင် အဖြူရောင်ကြယ်တစ်လုံး ပါဝင်သည်။ နိုင်ငံတော် သီချင်း - ကမ္ဘာမကြေ ငွေကြေး - ကျပ် အတိုင်းအတာယူနစ် - ဗြိတိသျှ ယူနစ်များ စံထားအသုံးပြုသည်။ သို့သော် ဒေသအလိုက် ရိုးရာအချင်အတွယ် များသုံးစွဲသည်။ အချိန် - ၆း၃၀ ညနေ = ဂျီအမ်တီ (မွန်းတည့်) သမိုင်း ၂။ ၁၀၄၄ ခုနှစ်တွင် အနော်ရထာဘုရင်သည် ပုဂံတွင် မြန်မာနိုင်ငံအဖြစ်စတင် တည်ထောင်ခဲ့သည်။ ပထဝီအနေအထား ၃။ မြန်မာနိုင်ငံသည် ကုန်းပိုင်းအရှေ့တောင်အာရှဒေသ၏ အနောက်ဘက်အပိုင်းတွင် တည်ရှိသည်။ မြန်မာ ဟူသော အမည်ကို ၁၉၈၉ ခုနှစ်တွင် တရားဝင် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ယခင်က ဗမာနိုင်ငံ ဟုသာ ခေါ်ဆိုခဲ့ကြသည်။ ၁၈၈၅ ခုနှစ်လောက်ကတည်းက ပြည်ထောင်စု ဗမာနိုင်ငံတော် ဟု ခေါ်တွင်ခဲ့ရာမှစ၍ ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ယခု ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သော အစိုးရလက်ထက်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ မြို့တော် ၄။ သက္ကရာဇ် ၂၀၀၅ အရှေ့ပိုင်းတွင် မြန်မာနိုင်ငံ၏ မြို့တော်မှာ မြို့တော် ရန်ကုန်ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် ရန်ကုန်မြို့တော်၏ မြောက်ဘက် မိုင် ၂၀၀ အကွာတွင် ရှိသော ပျဉ်းမနားမြို့ကို အုပ်ချုပ်ရေးဗဟိုဌာနတစ်ခုအဖြစ်ပြောင်းလဲခဲ့သည်။ ၂၀၀၆ ခုနှစ် သို့ရောက်သောအခါ အဆိုပါ ပျဉ်းမနားမြို့ကို နေပြည်တော်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့၍ မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၅။ မြန်မာနိုင်ငံ၏ မြို့တော်မှာ နေပြည်တော်ဖြစ်သည်။ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အလယ်ဗဟို တည့်တည့်တွင် တည်ရှိသည်။
  • 9. 9 တည်နေရာ ၆။ အရှေ့တောင်အာရှဒေတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ဧရိယာစုစုပေါင်း ၆၇၈၅၀၀ စတုရန်းကီလိုမီတာ (၂၆၁၉၇၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြောက်နှင့်တောင်သည် ၁၉၃၁ ကီလိုမီတာ (၁၂၀၀ မိုင်) ရှည်လျား ပြီး၊ အရှေ့နှင့် အနောက် ၉၂၅ ကီလိုမီတာ (၅၇၅ မိုင်) ကျယ်သည်။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် အမေရိကန်ရှိ တက္ကဆက် ပြည်နယ် ခန့်ရှိသည်။ မြန်မာနိုင်ငံ၏ မြေပြင်အလျားသည် ၇၈၀၆ ကီလို မီတာ (၄၈၅၀ မိုင်) ရှိ၍ ကမ်းရိုးတန်းအရှည်မှာ ၁၉၃၀ ကီလိုမီတာ (၁၁၉၇ မိုင်) ပိုင်ဆိုင်သည်။ ၇။ မြန်မာနိုင်ငံသည် လတ္တီကျူ့ ၁၀ ဒီဂရီ မှ ၂၈ ဒီဂရီ ၃၀ မိနစ် အကြားတည်ရှိသည်။ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊ မြောက်ဘက်နှင့် အရှေ့မြောက်တွင် တရုတ်နိုင်ငံ၊ အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရု နိုင်ငံနှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည်။ အဒမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ် အော်တို့သည် တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် အသီးသီးရှိနေသည်။ ၈။ မြန်မာနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံမဟုတ်ပဲ ပင်လယ်ကမ်းရိုးတန်းရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်။ အရှေ့တောင် အာရှနိုင်ငံများတွင် ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာ ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည်။ အရှေ့တောင်အာရှ ဒေသတွင်း ကုန်းမြေတစ်ဆက်တည်းရှိသည့် အကြီးဆုံးနိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည်။ ၉။ မြန်မာနိုင်ငံ၏ အလျားသည် မြောက်မှ တောင်သို့ တိုင်းတာလျှင် မိုင်ပေါင်း ၁၂၇၅ မိုင်ခန့်ရှိပြီး မန္တလေးမြို့ ကို ဗဟိုပြု၍ အရှေ့နှင့် အနောက်တိုင်းတာလျှင် မိုင်ပေါင်း ၅၈၀ ခန့် အထိ ကျယ်ဝန်းသည်။ ၁၀။ မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထားသည် မြောက်မှ တောင်သို့ နိမ့်ဆင်းသွားသည့် အနေ အထားမျိုးတွေ့ရသည်။ အလယ်တွင် မြစ်ဝှမ်းလွင်ပြင်ဒေသရှိသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးအပိုင်းမှာ မြောက်ဘက်ပိုင်း ကချင်ဒေသတွင်ရှိသည့် ခါဂါဘိုရာဇီတောင်ဖြစ်သည်။ ထိုတောင်၏ အမြင့်ပေမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၉၂၉၆ ပေ ရှိသည်။ မီတာအားဖြင့် ၅၈၈၁ မီတာရှိသည်။ မြန်မာနိုင်ငံရှိ တောင်တန်းများသည် ယေဘုယျအားဖြင့် မြောက်မှ တောင်သို့ သွယ်တန်းနေသည်။ မြစ်များသည်လည်း မြောက်မှတောင်သို့ စီးဆင်းသည်။ ဧရာဝတီမြစ်သည် ကချင်ဒေသအတွင်း မေခနှင့်မလိခမြစ်နှစ်ခု ပေါင်းဆုံ ရာ ဖြစ်ပေါ်လာသည်။ ၁၁။ ဧရာတီမြစ်သည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းမှ အစပြု၍ စတင်စီးဆင်းလာပြီး မြန်မာနိုင်ငံအောက်ပိုင်း ဧရာတီတိုင်းနှင့်၊ ရန်ကုန်မြို့တို့၌ အဒမန်ပင်လယ်အတွင်းသို့ စီးဆင်းသည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ အတွင်းမှာပင် အစပြု၍ မြန်မာနိုင်ငံ၌ပင် ပင်လယ်တွင်းသို့ အဆုံးသတ်စီးဝင်သည့် ထူးခြားသည့် မြစ်တစ် စင်းဖြစ်သည်။ ၁၂။ မြန်မာနိုင်ငံကို ရုပ်သွင်ပြင်အားဖြင့် ဒေသကြီး (၅) ခု ပိုင်းခြားသတ်မှတ်နိုင်သည်။ (၁) မြောက်ဘက် တောင်ပေါ်ဒေသ1 (၂) အနောက်ဘက် တောင်တန်းဒေသ2 (၃) အရှေ့ဘက် ကုန်းမြင့်ဒေသ3 1 Northern mountains 2 Western ranges
  • 10. 10 (၄) အလယ်ပိုင်း မြစ်ဝှမ်းလွင်ပြင်နှင့် မြေနိမ့်ဒေသ4 (၅) ကမ်းရိုးတမ်းဒေသ5 စသည်ဖြင့် ပထဝီရုပ်သွင်ပြင် (၅) ပိုင်းတွေ့နိုင်သည်။ စီးပွားရေး ၁၃။ မြန်မာနိုင်ငံ၏ စီးပွားရေးကို သရုပ်ခွဲရာတွင် ဈေးကွက်စီးပွားရေးစနစ်ကို ၁၉၉၀ ခုနှစ်တွင် အစပြုစေ၍ ၂၀၁၀ ခုနှစ်တွင် အပီအပြင်ရုပ်လုံပေါ်အောင် အကောင်အထည်ဖော်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ သည် နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့် ကြုံတွေ့ရသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အလျောက် စီးပွားရေးစနစ် အမျိုးမျိုးဖြင့်လည်း နှစ်ပါးသွားခဲ့ဖူးသည့် အတွေ့အကြုံ ရှိသည်။ ၁၄။ ကမ္ဘာ့စီးပွားရေးစနစ်ကို အကြမ်းဖျင်းအားဖြင့် (၂) မျိုးခွဲခြမ်းကြည့်နိုင်သည်။ ဗဟိုစီမံကိန်းစီးပွားရေးစနစ်နှင့် ဈေးကွက် စီးပွားရေးစနစ်ဟူ၍ ဖြစ်သည်။ သို့သော် ဈေးကွက်စီးပွားရေးစနစ်တွင် လုံးဝလွတ်လပ်သောစီးပွားရေး စနစ်နှင့် စီမံခန့်ခွဲမှုနှင့်ယှဉ်သည့် ဈေးကွက်စီးပွားရေးစနစ်ဟူ၍ ယေဘုယျ (၂) မျိုးတွေ့နိုင်သေးသည်။ ထို့ကြောင့် မြန်မာ့စီးပွားရေး သမိုင်းစဉ်အကျဉ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်လေ့လာရာတွင် စီးပွားရေးစနစ် နှင့် ဖွံ့ဖြိုးရေး ရေချိန်ကို တွဲစပ်၍ လေ့လာရမည်ဖြစ်သည်။ ၁၅။ ဒုတိယကမ္ဘာစစ်အပြီးကာလနောက်ပိုင်း၊ စစ်အေးကာလအတွင်း ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးစနစ်များကို ယေဘုယျ အကြမ်းဖျင်း သရုပ်ခွဲကြည့်ရန် လိုအပ်သည်။ ထိုသို့ သရုပ်ခွဲရာတွင် အကြမ်းအားဖြင့် ပုံစံ (၇) မျိုးကို တွေ့ရသည်။ အဆိုပါ ပုံစံ (၇) မျိုးကို ဖော်ပြ၍ မြန်မာ့စီးပွားရေးစနစ်ကို ဖော်ပြနိုင်မည် ဖြစ်သည်။ စစ်အေးကာလအတွင်း တွေ့ရသော ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးစနစ် ပုံကြမ်းမှာ - (၁) လစ်ဘရယ်ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက် အတွဲအစပ် (အမေရိကန် ပုံစံ) (၂) လစ်ဘရယ် ဒီမိုကရေစီနှင့် စီမံခန့်ခွဲမှုယှဉ်သော ဈေးကွက်အတွဲအစပ် (ဥရောပ ပုံစံ) (၃) လမ်းညွှန်ဒီမိုကရေစီနှင့် ဈေးကွက် အတွဲအစပ် (လွတ်လပ်သော ဈေးကွက်စနစ်နှင့် စီမံခန့်ခွဲမှု ဈေးကွက်စနစ်ကို ရောထွေးကျင့်သုံး) (နောက် အာရှကျားဖြစ်လာမည့် နိုင်ငံများ၊ အာရှပုံစံ) (၄) လစ်ဘရယ်ဒီမိုကရေစီနှင့် စီမံကိန်းစီးပွားရေး အတွဲအစပ် (အိန္ဒိယပုံစံ) (၅) တစ်ပါတီစနစ်နှင့် စီမံကိန်း စီးပွားရေး အတွဲအစပ် (ဆိုဗီယက်-တရုတ် ပုံစံ) (၆) တစ်ပါတီစနစ်နှင့် ဈေးကွက် အတွဲအစပ် (လွတ်လပ်သော ဈေးကွက် ဆိုသည်ထက် စီခံခန့်ခွဲမှုနှင့် ယှဉ်သော ဈေးကွက်ကိုသာ ပိုအလေးကဲသည်) (ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပုံစံ) (၇) ဈေးကွက်စီးပွားရေး (အထူးသဖြင့် စီမံခန့်ခွဲမှုနှင့် ယှဉ်သောဈေးကွက်) နှင့် ဆိုရှယ်ဒီမိုကရေစီ တို့၏ အတွဲအစပ် (စကင်ဒီနေးဗီးယန်းနိုင်ငံများဖြစ်သည့် ဆွီဒင်၊ နော်ဝေ တို့၏ ပုံစံ) 3 Eastern Plateau 4 Central basin and lowlands 5 Coastal plains
  • 11. 11 ၁၆။ ဖော်ပြပါ အတွဲအစပ် ပုံစံ (၇) မျိုးတွင် မြန်မာနိုင်ငံ၏ အခြေအနေကို အောက်ပါ အခြေအနေများအတိုင်း တွေ့ရ သည်။  ၁၉၄၈ မှ ၁၉၆၂ အထိ (နံပါတ်-၂)ပုံစံ  ၁၉၆၂ မှ ၁၉၈၈ အထိ (နံပါတ်- ၅) ပုံစံ  ၁၉၈၈ မှ ၂၀၀၉ အထိ (နံပါတ်-၆) ပုံစံ  ၂၀၁၀ မှ ယနေ့ အထိ (နံပါတ်-၃) ပုံစံ ဖြင့် မြန်မာ့စီးပွားရေး ကို လုပ်ဆောင်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။ အဆိုပါ နံပါတ်-၃ အခြေအနေဖြင့် ပိုမိုပီပြင်သည့် ဈေးကွက်စီးပွားကို ပုံဖော်တည်ဆောက် ယူနေသည်။ နိုင်ငံရေး ၁၇။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှ၏ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံရေးစနစ်ဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရား ကို လည်ပတ်ခဲ့သည်။ အဆိုပါ ပါလီမန်ဒီမိုကရေစီစနစ်ကို လည်ပတ်ရာတွင် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်၌ ရေးဆွဲအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ အခြေခံဥပဒေ ဟု အမည်တွင်သည့်) ဖြင့် နိုင်ငံတော်၏ အာဏာ သုံးရပ်ကို လည်ပတ်ခဲ့သည်။ ၁၈။ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရအမည်ဖြင့် မြန်မာနိုင်ငံ၏ အစိုးရတစ်ရပ် အပြောင်းအလဲဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီဖွဲ့စည်း၍ နိုင်ငံတော် ၏ အစိုးရတာဝန်ကို ထမ်းဆောင်ခဲ့သည်။ အဆိုပါ တော်လှန်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် တစ်ရပ်ကို ၁၉၇၄ ခုနှစ်တွင် အတည်ပြု၍ နိုင်ငံတော် အုပ်ချုပ်ရေးကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ ၁၉၇၄ အခြေခံဥပဒေသည် ဆိုရှယ်လစ် စနစ်ကို အခြေပြုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည်။ အဆိုပါ အခြေခံဥပဖြေင့်ပင် တော်လှန်းကောင်စီ အစိုးရမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအဖြစ် ပြောင်းလဲကာ တစ်ပါတီနိုင်ငံရေးစနစ်ကို ပုံဖော်ခဲ့သည်။ ၁၉။ ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာသည်။ ထိုသို့ ကြေညာ၍ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်6 ကိုကျင့်သုံး၍ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်ကို ဆိုရှယ်လစ် စီးပွားရေးစနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ အဆိုပါ စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေး စနစ်ဟုလည်း သတ်မှတ်နိုင်သည်။ ၂၀။ ၁၉၈၈ ခုနှစ်၊ ဩဂုတ် ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ နိုင်ငံလုံးဆိုင်ရာ ဆူပူအုံကြွမှုကြီး တစ်ရပ်ပေါ်ပေါက် ခဲ့သည်။ လူထုသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဖြစ်သည့် ဦးနေဝင်းအစိုးရကို လူထုအုံကြွမှုဖြင့် ဖြုတ်ချနိုင်ခဲ့ သည်။ ၁၉၉၀ တွင် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ တည်ငြိမ် ရေးကို ထိန်းသိမ်းနိုင်ရန် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)7 ကို ဖွဲ့စည်းလိုက်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဥက္ကဌမှာ ဗိုလ်ချုပ်ကြီး စောမောင်ဖြစ်သည်။ 6 Burmese Way to Socialism 7 SLORC (the state Law and Order Restoration Council)
  • 12. 12 ၂၁။ နိုင်ငံတော်တည်ငြိမ်ရေးသည် ၁၉၉၇ ခုနှစ်၊တွင် အတော်အတန်တည်ငြိမ်လာပြီဖြစ်၍ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖျက်သိမ်း၍ နိုင်ငံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကတာဝန်ယူဆောင်ရွက်ရန် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ8 ကို ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ၏ ဥက္ကဌမှာ ဗိုလ်ချုပ်ကြီး သန်းရွှေဖြစ်သည်။ ၂၂။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရသည် လမ်းပြမြေပုံ (၇)ချက်9 ကို ရေးဆွဲ၍ စစ်ဘက်အုပ်ချုပ်သည့် အစိုးရမှ အရပ်သားအုပ်ချုပ်သည့် ဒီမိုကရက်တစ်အစိုးရတစ်ရပ်အဖြစ် တည်တည်ငြိမ် ငြိမ် အသွင်ကူးပြောင်းနိုင်ရေးလုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန် အတွက် အမျိုးသားညီလာခံကို နိုင်ငံလုံးချီထောက်ခံပွဲများပြုလုပ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ10 ပြုလုပ်၍ ၉၂.၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုထောက်ခံမှုရရှိကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၂၀၁၀ ခုနှစ်တွင် ကျင်းပသော ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော် ၏ တရားဝင် အသုံးပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခဲ့သည်။ ၂၃။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီးတွင် အဆိုပါ အခြေခံဥပဒေပါ ပြဌာန်းချက်များသည် အသက်ဝင်လာပြီဖြစ် သည်။ ထိုအခြေခံဥပဒေပါ ပြဌာန်းချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူသည့် အမည်အစား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟု ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသော သမ္မတမှာ သမ္မတ ဦးသိန်းစိန် ဖြစ်သည်။ သမ္မတသက်တမ်းမှာ ၅ နှစ်တစ်ကြိမ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် လက်ရှိသမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကိုကြိုးပမ်းလုပ်ဆောင်နေသည့် သမ္မတအဖြစ် ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ်ပြုမှုကို ရရှိနေသည်။ 8 SPDC (State Peace and Development Council) 9 The Road Map 1) Reconvening the NC 2) After successful conclusion of the NC, “a step by step implementation of the process necessary for the emergence of a genuine and disciplined democratic system”. 3) Drafting a new constitution according to the basic principles and details ‘laid down’ by the NC. 4) A national referendum to adopt the constitution 5) Holding of free and fair elections for a hierarchy (National and regional) of legislative bodies or Pyithu Hluttaws (People’s assemblies) as per the new constitution. 6) Convening of the Hluttaw as per the constitution. 7) “Building a modern, developed and democratic nation by the state leaders elected by the Hluttaw” together with the ‘government and other central organs [of state power] formed by the Hlattaw’. 10 Referendum
  • 13. 13 ဇယား - ၁ ၁၉၄၈ ခုနှစ် ကိုလိုနီအဖြစ်မှ လွတ်လပ်ရေး ရရှိ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တက် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ တက် ၁၉၇၄ ခုနှစ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ သည် ဆိုရှယ်လစ်စနစ်ဖြင့် ချီတက် ၁၉၉၀ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့(နဝတ) အစိုးရ တာဝန် ပြောင်းလဲယူ ၁၉၉၇ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအဖြစ် ပြောင်းလဲ အုပ်ချုပ် ၂၀၀၈ ခုနှစ် အမျိုးသားညီလာခံများပြုလုပ်၍ ရေးဆွဲထားသော အခြေခံဥပဒေကို ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်၍ အတည်ပြုချက် ရယူ ၂၀၁၀ ခုနှစ် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အုပ်ချုပ်သည့် အစိုးရဖြင့် မောင်းနှင်
  • 14. 14 (ခ) ပထဝီနိုင်ငံရေးဆိုင်ရာ အချက်အလက်များ ဝေါဟာရ ၂၄။ ပထဝီနိုင်ငံရေး (Geopolitics) ဟူသော ဝေါဟာရကို ဆွီဒင်နိုင်ငံရေးသိပ္ပံပညာရှင် ရူးဒေါ့ရှယ်လင် က ၁၈၉၉ ခုနှစ်တွင် စတင် သုံးစွဲခဲ့သည်။ သို့သော် ၁၉၃၀ ခုနှစ်လောက်ကျမှ ပထဝီနိုင်ငံရေးဆိုသည့်ဝေါဟာရကို နိုင်ငံရေးနယ်ပယ်တွင် တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြသည်။ ပထဝီနိုင်ငံရေးနှင့် နိုင်ငံရေးပထဝီ၏ ကွာခြားပုံ ၂၅။ ပထဝီနိုင်ငံရေး (Geopolitics) ဆိုသည်မှာ ပထဝီကို အခြေပြု၍ လေ့လာသောနိုင်ငံရေးဖြစ်သည်။ ပထဝီ နိုင်ငံရေးကို လေ့လာလျှင် များသောအားဖြင့် နိုင်ငံရေးပထဝီ (Political Geography) နှင့် ရောထွေးနိုင်စရာ အကြောင်းရှိသည်။ ပထဝီနိုင်ငံ ရေးသည် ပထဝီကိုအခြေခံသောနိုင်ငံရေးဖြစ်ပြီး နိုင်ငံရေးပထဝီသည် နိုင်ငံရေး ကို အခြေပြု၍ လေ့လာသောပထဝီဖြစ် သည်။ ထို့ကြောင့် ပထဝီနိုင်ငံရေးသည် နိုင်ငံရေးဘာသာရပ် ဖြစ်သည်။ နိုင်ငံရေးပထဝီသည် ပထဝီဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေးသည် နိုင်ငံရေးကို ဗဟိုပြုပြီး ပထဝီကို အခြေခံသော နိုင်ငံရေးဘာသာရပ်ဟု ဆိုလျှင် ပြည့်စုံနိုင်စရာ အကြောင်းရှိသည်။ ထို့အတူ နိုင်ငံရေး ပထဝီသည် ပထဝီကို ဗဟိုပြုပြီး နိုင်ငံရေးကို အခြေခံသော ပထဝီဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေးအချက်အလက် ၂၆။ ပထဝီနိုင်ငံရေးဟု ဆိုလိုက်လျှင် ပထဝီနှင့်စပ်ဆိုင်သော အဓိကအချက် (၆) ချက်ကို ဗဟိုပြုရသည်။ ၁။ နယ်မြေအကျယ်အဝန်း၊ နယ်မြေ အရွယ်အစား Size ၂။ တည်နေရာအနေအထား Location ၃။ ရာသီဥတု အခြေအနေ Climate ၄။ မြေမျက်နှာသွင်ပြင်အနေအထား Topography ၅။ လူဦးရေတည်ရှိမှုပုံစံ Demography ၆။ သဘာဝသယံဇာတခိုအောင်းမှု Natural Resources ပထဝီနိုင်ငံရေး၏သဘာဝ ၂၇။ ပထဝီနိုင်ငံရေးသည် နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေးပညာရပ်တွင် အဓိကအရေးပါသော ဘာသာရပ် ဖြစ်သည်။ ပထဝီနိုင်ငံရေးကို နိုင်ငံရေးသိပ္ပံပညာရှင်များ၊ မူဝါဒချမှတ်သူများ နှင့် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် ကျင်လည် နေသည့်ပုဂ္ဂိုလ်များ အထူးပြုလေ့လာသည်။ နိုင်ငံတည်ဆောက်ရေးသမားများ၊ နိုင်ငံရေးအကြံပေးများနှင့် သံအမတ်များ၊ သံတမန်များ အထူးသဖြင့် လေ့လာ အပ်သည့် ဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေးသည် သီအိုရီသဘောအရ ကျယ်ပြောသည်ဟု မဆိုနိုင်။ သို့သော် သဘောတရားအရ အလွန် ကျယ်ပြန့်သည်။ ပထဝီသဘောကို လိုက်၍ နိုင်ငံရေးအယူအဆ၊ နိုင်ငံရေး အမြင်များကို ကြည့်ရှုသုံးသပ် နိုင်သည်။ပထဝီနိုင်ငံရေးသည် လူမှုပထဝီဝင်ဘာသာရပ်၊ မနုဿပထဝီဝင်၊ နိုင်ငံရေးပထဝီဝင် စသည့် ဘာသာရပ်များဖြင့်လည်း ဆက်စပ်နေသည်။
  • 15. 15 ပထဝီနိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ၂၈။ ပထဝီနိုင်ငံရေးရာ အချက်အလက်များသည် နိုင်ငံခြားရေးမူဝါဒချမှတ်ရာတွင် အလွန်အသုံးဝင်သည်။ ထို့အပြင် အခြားနိုင်ငံများက ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒများ၏ အနှစ်သာရကို ချည်းကပ်လေ့လာရာတွင်လည်း များစွာ အရေးပါ၊ အရာရောက်သည်။ ထို့ကြောင့်ပင် နိုင်ငံခြားရေးမူဝါဒသည်သည် နိုင်ငံ့၏ပထဝီနှင့် ဆက်စပ်နေသည်ဟု ဆိုခြင်းဖြစ်သည်။ နိုင်ငံ့ပထဝီဆိုသည်ကပင် ပထဝီနိုင်ငံရေးဖြစ်သည်။  Foreign Policy related with State Geography especially Geopolitics ၂၉။ ပထဝီနိုင်ငံရေးကို အဓိကအားဖြင့် နက်နက်နဲနဲလေ့လာသိရှိထားသူတို့ကား နိုင်ငံခြားရေးမူဝါဒကို ချမှတ်သူများ နှင့် နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်သူများဖြစ်သည်။ အကြောင်းမှာ နိုင်ငံခြားရေးမူဝါဒကို ချမှတ်ရာ တွင် ပထဝီနိုင်ငံရေးသဘောသည် အဓိကပါဝင်နေသည်။ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံအချင်းချင်း ဆက်ဆံရာ တွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အဓိကအကောင်အထည်ဖော်ရသောသဘောရှိသည်။ နိုင်ငံအကျိုးစီးပွားသည် ပထဝီရေးအရ များစွာဆက်စပ်နေသည်။ မြေကမ္ဘာပေါ်တွင် နိုင်ငံများ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသော နိုင်ငံများ၏ တည်နေရာ၊ အကျယ်အဝန်း၊ ရာသီဥတု၊ လူဦးရေ၊ မြေမျက်နှာသွင်ပြင် အနေအထားစသည့် ပထဝီရေးရာအချက်အလက် များအပေါ်မူတည်၍ နိုင်ငံများ ပါဝါရှိခြင်း၊ မရှိခြင်း ဖြစ်လာရသည်။ ထို့ကြောင့် နိုင်ငံ၏ပါဝါသည် ပထဝီရေးရာအချက် အလက်များပေါ်တွင် များစွာမှီတည်နေသည်။ နယ်မြေအကျယ်အဝန်း၊ နယ်မြေအရွယ်အစား (Size) ၃၀။ နိုင်ငံတစ်ခု၏ နယ်မြေအကျယ်အဝန်းသည် နိုင်ငံ၏ပါဝါကို အထောက်အကူပြုသည်။ နယ်မြေအကျယ် အဝန်းတွင် အကြီးမားဆုံး ရုရှားနိုင်ငံနှင့် အသေးငယ်ဆုံးနိုင်ငံဖြစ်သော စင်ကာပူ၊ ဗာတီကန်စီးတီး စသည့် နိုင်ငံများနှင့် ယှဉ်တွဲစဉ်းစားနိုင်သည်။ နယ်မြေအကျယ်အဝန်းကြီးမားခြင်းသည် နိုင်ငံပါဝါ အလိုအလျောက် ရရှိလာခြင်း အကြောင်းလည်းဖြစ်သည်။ ဥပမာ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ အမေရိကန်၊ ဩစတေးလျ၊ ကနေဒါ စသည့် နိုင်ငံများဖြစ်သည်။ နိုင်ငံနယ်မြေ အကျယ်အဝန်းကြီးမားလျှင် ကြီးမားသလောက် ပါဝါတစ်စုံတစ်ရာကို ရရှိပြီးဖြစ်သည်။ ၃၁။ နိုင်ငံ၏နယ်နိမိတ်ကျယ်ဝန်းခြင်းကြောင့် အားသာချက်များ ဖြစ်လာသလို အားနည်းချက်တစ်ချို့လည်း တွဲဖက်ပါ လာတတ်သည်။ နိုင်ငံ၏အချုပ်အခြာအာဏာနယ်နိမိတ်စည်းကို ကာကွယ်ရန် စစ်ရေးအင်အား တောင့် တင်းရန်လိုသည်။ နယ်နိမိတ်ကျယ်ဝန်းသောနိုင်ငံများရှိ နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ်များ ထားရှိ ရခြင်းကြောင့် စစ်ရေးအသုံးစရိတ် များစွာအသုံးပြုရသည်။ ထို့ကြောင့် စစ်ရေးအသုံးစရိတ်သည် နိုင်ငံတော် ဘဏ္ဍာမှ ရာခိုင်နှုန်းအတော်များများ ထုတ်သုံးရသော အားနည်းချက်မျိုးရှိသည်။ ထို့အတူ နယ်စပ်ဒေသများတွင် အထူးသဖြင့် နယ်မြေ မတည်ငြိမ်မှုဖြင့် ကြုံရတတ်သည်။ လူမျိုးစုသူပုန်များ၊ လက်နက်ကိုင်အင်အားစုများ ခိုအောင်းရာ ဒေသသည် နယ်စပ်ဒေသအများစုဖြစ်သည်။ အထူးသဖြင့် လူမျိုးပေါင်းစုံ တည်ရှိနေသော နိုင်ငံမျိုးတွင် ထိုသို့သော ပြဿနာများရင်ဆိုင်ရတတ်လေ့ရှိသည်။ တည်နေရာအနေအထား (Location) ၃၂။ နိုင်ငံတစ်ခု၏ တည်နေရာသည် နိုင်ငံအတွက် အလွန်အရေးပါသည်။ နိုင်ငံတည်ခုအတွက် တည်နေရာသည် သဘာဝကပေးသော ကံတရားဟု ဆိုနိုင်သည်။ တည်နေရာအနေအထားကို အကြမ်းဖြင်းအားဖြင့် အချက် (၃) ချက်ဖြင့် ခွဲခြားကြည့်နိုင်သည်။
  • 16. 16 (က) ကုန်းတွင်းပိတ်နိုင်ငံ Close position (land lock State) (ခ) ကမ်းရိုးတန်းရှိ နိုင်ငံ Open position (ဂ) ကျွန်းနိုင်ငံ Island ၃၄။ ကုန်းတွင်းပိတ်နိုင်ငံ ကုန်းတွင်းပိတ်နိုင်ငံများ၏ အဓိကအားနည်းချက်မှာ ပင်လယ်ထွက်ပေါက်မရရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မိမိဘေးပတ်လည်ရှိနိုင်ငံများနှင့် သင့်မြတ်အောင်နေထိုင်ရသည်။ ကုန်းတွင်းပိတ်နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒ သည် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ဆန့်ကျင်ဘက်ရှိ၍ မရချေ။ မိမိနိုင်ငံရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိမ်နီးချင်းနိုင်ငံများကို အမြဲမှီခိုနေရသောသဘောရှိသည်။ ပိုင်ဆိုင်သည့်ပင်လယ် မရှိ၍ ရေတပ်အင်အားကို ကောင်းစွာတည်ဆောက်ခွင့်မရ။ ထို့နောက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပြေလည်အောင် အမြဲကြိုးစားအားထုတ် နေရသည်။ ပင်လယ်ထွက်ပေါက်မရှိခြင်းကြောင့် အလျော့ပေး လိုက်လျောရသောမူဝါဒများ များစွာရှိသည်။ ထို့အတူ ပင်လယ်မှရရှိသည့် အကျိုးအမြတ်ခံစားမှုများလည်း အလိုအလျောက် ပျက်ရသည်။ ပင်လယ်အစားအစာနှင့် သယံဇာတ များကို နိုင်ငံခြားတိုင်းပြည်မှ အမြဲတမ်း တင်သွင်းနေရသည်။ နိုင်ငံအတွင်း မြစ်ချောင်းအင်းအိုင်များ ပေါများစွာမရှိလျှင် ထိုဒုက္ခသည် ကုန်းတွင်းပိတ် တည်ရှိနေသောနိုင်ငံအဖို့ မထောင်းသာလှချေ။ ဥပမာ သဲကန္တာရများနှင့် ကုန်းတွင်းပိတ်ဖြစ်နေသော အာဖရိက အလယ်ပိုင်းနိုင်ငံများဖြစ်သည်။ ၃၅။ ၃၆။ ကမ်းရိုးတန်းရှိနိုင်ငံ ပင်လယ်ကမ်းရိုးတန်းရှိသောနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအဖို့ များစွာ အဖိုးတန်သည်။ ပင်လယ်ရေတပ်အားကို တည်ဆောက်ရန် အခွင့်အလမ်းရှိသည်။ ပင်လယ်ရေတပ်အင်အားသာ ကြီးမားပါက ရန်သူကို အလိုအလျောက် ကာကွယ် ပြီးသော သဘာဝအတားအဆီးဖြစ်နေသည်။ အထင်ရှားဆုံးသာဓကမှာ ဥရောပတွင် ပြင်သစ် ဧကရာဇ် နပိုလီယံ အင်ပါယာ ချဲ့ထွင်ရာတွင် ဂရိတ်ဗြိတိန်ပါဝင်သွားခြင်း မရှိချေ။ ဗြိတိန်သည် ပင်လယ် အတားအဆီးဖြင့် သဘာဝအကာအရံကို ရရှိထား သောကြောင့်ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းရှိသောနိုင်ငံတွင် အနေအထား ၂ မျိုးကိုတွေ့ရပြန်သည်။ ကမ်းရိုးတန်းရှည်လျားစွာ ပိုင်ဆိုင်သောနိုင်ငံနှင့် ပင်လယ်ကမ်းရိုးတန်း အနည်းငယ်သာပိုင်ဆိုင်သောနိုင်ငံဟူ၍ တွေ့ရပြန်သည်။ ပင်လယ် ကမ်းရိုးတန်းရှည်လျားစွာ ပိုင်ဆိုင်ခြင်းသည် ပင်လယ်ရေတပ်အင်အားကို တည်ဆောက်နိုင်ခွင့်ကိုလည်း ရရှိသည်။ ထို့အပြင် မိမိပိုင်ဆိုင် ထားသော ပင်လယ်ပြင်၏ မဟာဗျူဟာအချက်အခြာကျမှုသည် ပင်လယ် ကမ်းရိုးတန်းရှိ နိုင်ငံအတွက် လွန်စွာအရေးပါ သည်။ ၃၇။ ၃၈။ ကျွန်းနိုင်ငံ ကျွန်းနိုင်ငံတွင် အမျိုးအစား (၂) မျိုးခွဲခြားနိုင်သည်။ (က) ပင်မကျွန်းကြီးတစ်ခုတည်းသာ တည်ရှိသောနိုင်ငံ (ခ) ကျွန်းစုများများ စုပေါင်းထားသောနိုင်ငံ ဟူ၍ ဖြစ်သည်။ မာဒါဂတ်စကားသည် ပင်မကျွန်းကြီးတစ်ခုတည်းသာရှိသောနိုင်ငံဖြစ်သည်။ ပင်မကျွန်းကြီးဆိုသည်မှာ နိုင်ငံတွင် အဓိကပိုင်ဆိုင်ထားသော၊ တစ်ဆက်တည်းရှိ ကုန်းမြေကြီးကို ဆိုလိုသည်။ သီရိလင်္ကာနိုင်ငံသည်လည်း ပင်မကျွန်းတစ်ခု သာရှိသောနိုင်ငံအမျိုးအစားဖြစ်သည်။ စင်္ကာပူသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ကျွန်းစုများစုပေါင်းထား သောနိုင်ငံသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားကဲ့သို့သောသောနိုင်ငံများပင်ဖြစ်သည်။ ထိုကဲ့သို့
  • 17. 17 သောနိုင်ငံများတွင် အဓိကကျွန်း ကြီးများလည်း ရှိသည်။ ကျွန်းငယ်အများအပြားလည်း ပိုင်ဆိုင်ထားသည်။ ဖိလစ်ပိုင်တွင် ကျွန်းပေါင်း ၇၀၀၀ ကျော်ခန့်ရှိ သည်။ အင်ဒိုနီးရှားတွင် ကျွန်းပေါင်း ၁၃၀၀ ရှိသည်။ ကျွန်းနိုင်ငံဖြစ် ခြင်းပေါ်မူတည်၍ အားနည်းချက်၊ အားသာချက်များဖြစ် ပေါ်လာသည်။ ကျွန်းစုအများအပြား စုစည်းဖြစ်တည် နေခြင်းသည်လည်း အားနည်းချက်ကိုယ်စီရှိနေသည်။ ၃၉။ ရာသီဥတုအခြေအနေ (Climate) ကမ္ဘာ့ရာသီဥတုအား အကြမ်းဖျင်းအားဖြင့် အခြေအနေ (၅) ရပ်တွင်တွေ့ရသည်။ ထိုအခြေအနေတွင် ရှိသော ဒေသကြီး (၅) ရပ်ရှိသည်။ (၁) ပူလွန်းသော ဒေသ (၂) အပူပိုင်းဒေသ (၃) သမပိုင်းဒေသ (၄) အအေးပိုင်းဒေသ (၅) အအေးဆုံးဒေသ ဟူ၍ ဒေသကြီး (၅) ခု ပိုင်းခြားနိုင်သည်။ ၄၀။ အီကွေတာမျဉ်းပေါ်နှင့် အီကွေတာရပ်ဝန်းဒေသသည် အပူဆုံးဒေသဖြစ်သည်။ ၎င်းသည် အပူပိုင်းဇုံနှင့် ဆက်စပ် လျက်ရှိသည်။ ဝင်ရိုးစွန်းဒေသများသည် အအေးဆုံးဒေသများဖြစ်သည်။ ထိုဒေသများတွင် တစ်နှစ်ပတ်လုံး ရေခဲနေသည်။ အီကွေတာရပ်ဝန်းဒေသသည် သဲကန္တာရများဖြင့် အတိပြီးနေသည်။ အထူးသဖြင့် သမပိုင်းဇုံတွင် ကျရောက်သော နိုင်ငံများ သည် ရာသီဥတုအသင့်အတင့်ရရှိခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လေ့ရှိသည်။ အများအားဖြင့် သမပိုင်းဇုံရှိနိုင်ငံများ သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင် ဖြစ်ထွန်းလေ့ရှိသည်။ ၄၁။ အရစ္စတိုတယ်သည် သမပိုင်းဇုံတွင်ရှိသောလူများသည် အပူပိုင်းဇုံနှင့် အအေးပိုင်းဇုံတွင်ရှိသော လူများထက် အားသာချက်များစွာရှိသည်ဟုဆိုသည်။ အထူးသဖြင့် တွေးခေါ်မြော်မြင်စွမ်းအား၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများတွင် များစွာ ကွာခြားသည်ဟုဆိုသည်။ ရာသီဥတုအခြေအနေသည် တိုင်းပြည်အတွင်းနေထိုင်သော လူများ၏ စရိုက်လက္ခဏာများ အပေါ်တွင် များစွာ လွှမ်းမိုးမှုရှိသည်။ ဦးနှောက်ဖွံ့ဖြိုးမှု၊ တွေးခေါ်စဉ်းစားနိုင်မှုနှင့် စိတ်ဓာတ်အရည်အသွေးများသည် မိမိနေထိုင်ရာရာသီဥတုအခြေအနေနှင့် ဆက်သွယ်နေသည်။ ဂေါတမဗုဒ္ဓ သည် ဥတုသပ္ပာယမျှတခြင်းကို ဟောကြားထားခဲ့သည်လည်းရှိသည်။ ပတိရူပအရပ်ဒေသတွင် ဥတုသပ္ပာယ မျှတခြင်း သည်လည်း အချက်တစ်ချက်ပါဝင်သည်။ ၄၂။ ရာသီဥတုကို ထောင့်ပေါင်းစုံ ဘက်ပေါင်းစုံမှ ကြည့်နိုင်သည်။ နိုင်ငံတစ်ခုအနေဖြင့် ရာသီဥတုအချက် အလက် များ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံလုံခြုံရေး၊ ကာကွယ်ရေးအတွက် များစွာ အထောက် အကူပြုသည်။ ဂျပန်နိုင်ငံသည် မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်ကို အမြဲလိုလိုခံစားနေရသော နိုင်ငံဖြစ်သည်။ ငလျင်ကြောင့် ပင်လယ်မုန်တိုင်း၏ ဖျက်ဆီးမှု ဒဏ် ကို ခံစားရသည်။ ထို့ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောက်အယှက်ဖြစ်ရသည်။ ဥရောပမြောက်ပိုင်းနိုင်ငံ တော်တော်များများသည် ရာသီဥတုအေးလွန်းသော ဒဏ်ကို အန်တုနိုင်ရန် မိမိ၏အိမ်အတွင်း ဓာတ်ငွေ့ဖြင့် အမြဲတမ်းအပူ ပေးထားရသည်။ ရုရှားမှဓာတ်ငွေ့အား အမြဲတမ်း ဝယ်ယူသုံးစွဲနေရသည့်အတွက် နိုင်ငံဝင်ငွေအား လျော့ပါးစေရသည်။ ရာသီဥတုအေးလွန်း၍ ခရီးသွားလုပ်ငန်းအား အမြဲတမ်း မလုပ်ကိုင်နိုင်ချေ။ ၄၃။ ဒုတိယကမ္ဘာစစ်ကာလတွင် ဂျာမနီတို့သည် ရုရှား၏အအေးဒဏ်ကြောင့် စစ်ချီ၊ စစ်တက်ခြင်း မပြုနိုင်ခဲ့ချေ။ ရုရှား နိုင်ငံ၏ မြောက်ဘက်တစ်ချမ်းလုံးသည် အမြဲအေးခဲနေသောရာသီဥတုရှိခြင်းနှင့် တောင်တန်း၊သစ်တောများ
  • 18. 18 ထူထပ်စွာ ရှိနေခြင်းကြောင့် နိုင်ငံလုံခြုံရေးအတွက် သဘာဝအတားအဆီးကို အလိုအလျောက်ရရှိထားသည်။ အေးလွန်းပူလွန်းသော နိုင်ငံများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမဖြစ်ထွန်း၍ စားနပ်ရိက္ခာဖူလုံမှုအတွက် အခက်အခဲဖြစ်နိုင်သည်။ အထင်ရှားဆုံး ဥပမာကား အာဖရိကအလယ်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သည်။ အပူပိုင်းသဲကန္တာရဒေသဖြစ်ခြင်းကြောင့် မြစ်ချောင်း အင်းအိုင်ရှားပါးသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး မဖြစ်ထွန်း။ ထို့အတူ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်ခြင်းမရှိခြင်းကြောင့် ပင်လယ်ဆိုင်ရာ စားရေရိက္ခာလည်း မရရှိချေ။ နိုင်ငံအတွင်း မြေအောက်သယံဇာတကိုသာ မှီခိုနေရသည်။ နိုင်ငံနယ်နိမိတ် အတွင်း သဘာဝ သယံဇာတ ခိုအောင်းမှုပမာဏ နည်းပါးလျှင်ကား ပိုမို၍ပင် ဆင်းရဲမွဲတေရသည်။ ရာသီဥတုဆိုသည့် ရှုထောင့်က ကြည့်ရှုလျှင်ကား သမပိုင်းဇုံတွင် ကျရောက်နေသော နိုင်ငံများသည် အကောင်းဆုံးအနေအထားပင်ဖြစ်သည်။ ၄၄။ မြေမျက်နှာသွင်ပြင်အနေအထား (Topography) နိုင်ငံတစ်နိုင်ငံအတွင်းပိုင်ဆိုင်ထားသော မြေမျက်နှာပြင်အနေအထားသည် လွန်စွာအရေးပါသည်။ မြေမျက်နှာ သွင်ပြင်ကို လိုက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ မတိုးတက်ခြင်းလည်း ဖြစ်လာရသည်။ မြေမျက်နှာသွင်ပြင် ကွာခြားရခြင်း၏ အားသာချက်များရှိသည်။ ၄၅။ မြေမျက်နှာသွင်ပြင်ကို အကြမ်းဖျင်းအားဖြင့် ဒေသ (၅) မျိုးခွဲခြားနိုင်သည်။  (၁) တောင်ပေါ်ဒေသ  (၂) မြေလတ်ဒေသ  (၃) မြေပြန့်ဒေသ  (၄) မြစ်ဝကျွန်းပေါ်ဒေသ နှင့်  (၅) ပင်လယ်ကျွန်းဒေသ ဟု ခွဲခြားသတ်မှတ်နိုင်သည်။ ၄၆။ လူဦးရေတည်ရှိမှုပုံစံ (Demography) Demography သည် နိုင်ငံအတွင်း လူဦးရေပျံ့နှံ့တည်ရှိနေမှုအနေအထားကို လေ့လာသော ဘာသာရပ်ဖြစ် သည်။ နိုင်ငံတွင်းတည်ရှိနေသော လူဦးရေအချိုးအစား၊ ကျားမ အချိုးအစားနှင့် အသက်အရွယ် ကွာခြားမှုများ ကို သိပ္ပံ နည်းကျလေ့လာခြင်းဖြစ်သည်။ လူဦးရေတည်ရှိနေမှုပုံစံကို လိုက်၍ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနေအထားကို ကြည့်ရှုသုံး သပ်နိုင်သည်။ လူဦးရေအနေအထားကို လိုက်၍ နိုင်ငံဖွံ့ဖြိုးခြင်း မဖွံ့ဖြိုးခြင်း ဖြစ်လာသည်။ ထို့ကြောင့် လူဦးရေပမာဏ၊ ထိုပမာဏအတွင်း လူတို့၏အရည်အသွေး အတိုင်းအတာကို လိုက်၍ တိုးတက်မှုများခြင်း နည်းခြင်းများဖြစ်လာရသည်။ ၄၇။ နိုင်ငံအတွင်း လူဦးရေပမာဏ (Population) များပြားခြင်းသည် နိုင်ငံအတွက် ပါဝါရရာရကြောင်း အကြောင်း တစ်ခုဖြစ်လာနိုင်သလို အားနည်းချက်လည်း ဖြစ်လာနိုင်သည်။ အားနည်းချက်ဆိုသည်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှု နည်းပါးနေလျှင် များပြားသောလူဦးရေသည် နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်လာနိုင်သည်။ ဆင်းရဲမွဲတေ သည့်လူဦးရေများ ပြားခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးရသည်။ ၄၈။ သို့သော်အခြားတစ်ဖက်တွင်လည်း လူဦးရေများပြားခြင်းကြောင့် ပါဝါတစ်ခုအား အလိုအလျောက် ရရှိလာခြင်း မျိုးလည်းရှိသည်။ ဥပမာ - တရုတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ဖြစ်သည်။ တရုတ်သည် လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိ သည်။ အိန္ဒိယသည် လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိသည်။ အမေရိကန်သည် လူဦးရေ သန်း ၃၅၀ ခန့်ရှိသည်။ ရှေးအခါက လူဦးရေများပြားခြင်းသည် စစ်သည်အင်အား များပြားစေခြင်း အကြောင်း တစ်ခုဖြစ်သောကြောင့် နိုင်ငံ၏စစ်ရေးပါဝါကို အလိုအလျောက်ဖြည့်တင်းပြီးသားဖြစ်နေသည်။ လူဦးရေများ
  • 19. 19 ပြားလာစေခြင်း၏ အဓိကသာဓကတစ်ခုရှိသည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီကာလအတွင်း နာဇီဂျာမနီမှ ဟစ်တလာသည် လူဦးရေတိုးပွားရေးစီမံကိန်းကို အကောင်အထည် ဖော်ခဲ့သည်။ မိသားစုများအား ကလေး များများ မွေးစေရန် ချေးငွေများ၊ ထောက်ပံ့ကြေးများ ပေးသည့် အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအင်အား ကြီးမားရခြင်း၏ အကြောင်းတွင် စွမ်းရည်ရှိသောလူဦးရေများပြားစွာတည်ရှိနေခြင်းသည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။ ၄၉။ နိုင်ငံ၏လူဦးရေအရွယ်အစားနှင့် အရည်အသွေးကို ချင့်ချိန်နိုင်ရန် အဓိကသိထားရမည့်အချက်ကား Population, Workforce နှင့် Human Resources ဟူသော ဝေါဟာရများကို ခွဲခွဲခြားခြား သိမြင်ရန်ပင် ဖြစ်သည်။ Population ဟူသည် လူဦးရေအရေအတွက်သာဖြစ်သည်။ အရည်အသွေးမဟုတ်သေးချေ။ နိုင်ငံအတွင်း မွေးကင်းစကလေးမှအစ သေခါနီး လူကြီးများအထိ ရေတွက်ထားသော အရေအတွက် ပမာဏဖြစ်သည်။ Workforce သည် လူဦးရေ အရေအတွက်ထဲမှ အလုပ်လုပ်နိုင်စွမ်းရှိသော လူများကို ဆိုလိုသည်။ အသက်အရွယ်အားဖြင့် ၁၆ နှစ် နှင့် ၆၅ နှစ် ကြားရှိသော လူဦးရေ ပမာဏကို ဆိုလိုသည်။ ထိုအလုပ်လုပ်နိုင်သည့် လူဦးရေထဲတွင်မှ ပညာဖြင့်လုပ်ကိုင်သော ကော်လာဖြူလုပ်သားများကို သာ လူ့အရင်းအမြစ် Human Resource ဟု ခေါ်နိုင်သည်။ အထူးသဖြင့် Human Resource သည် ကာယလုပ်သား မဟုတ်။ ဦးနှောက်လုပ်သားဖြစ်သည်။ နိုင်ငံ့လူဦးရေအတွင်း ဦးနှောက်လုပ်သားများ များပြားလာလေလေ နိုင်ငံတိုးတက်မှု မြင့်မားလာလေလေ ဖြစ်သည်။ ၅၀။ သဘာဝသယံဇာတခိုအောင်းမှု ပမာဏ နိုင်ငံတစ်နိုင်ငံအနေနှင့် သဘာဝသယံဇာတတည်ရှိနေမှုသည် လွန်စွာအရေးပါသည်။ အကြောင်းမှ သဘာဝ သယံဇာတသည် ဖွံ့ဖြိုးရေးဖြစ်စဉ်များနှင့် တွဲဖက်နေသောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် သဘာဝ သယံဇာတ ကြွယ်ဝလျှင် ကံကပေးသော မဟာကောင်းချီးတစ်ခုဖြစ်သည်။ သယံဇာတကို အမှီပြု၍ နိုင်ငံဖွံ့ဖြိုးတိုး တက်အောင် လုပ်ဆောင်နိုသည်။ အထူးသဖြင့် သယံဇာတသည် သူချည်းသက်သက် အဖိုးတန်သည်။ သို့သော် နည်းပညာဖြင့် ပေါင်းစပ်၍ ထုတ်လုပ်နိုင်ပါက ပို၍ တန်ဖိုးမြင့်လာသည်။ ဤသည်ကို Value added ဟု ဆိုကြသည်။ ၅၁။ သဘာသယံဇာတရှိခြင်းသည် ချမ်းသာသော နိုင်ငံဖြစ်စေရန် အကြောင်းဖြစ်သည်။ သို့သော် သယံဇာတ ကြွယ်ဝတိုင်း ချမ်းသာကြွယ်ဝလိမ့်မည်ဟု တစ်ထစ်ချ တရားသေ မှတ်ယူ မထားသင့်ချေ။ သယံဇာတ ကြွယ်ဝပြီး ဆင်းရဲသော နိုင်ငံများလည်း အများအပြားရှိသည်။ အာဖရိက နိုင်ငံတော်တော်များများသည် ထိုနည်းလည်းကောင်း ဖြစ်သည်။ သယံဇာတများဖြစ်သာ စိန်၊ သတ္ထုနှင့် ရွှေ၊ သစ် အစရှိသည့် သဘာဝသယံဇာတများရှိသော်လည်း ပြည်တွင်း ပဋိပက္ခများနှင့် ပြည့်နှက်နေသည်။ ပြည်တွင်းစစ်များနှင့် နိုင်ငံဆင်းရဲရသည်။ ၅၂။ နည်းပညာမရှိခြင်း၊ ပြည်တွင်းတည်ငြိမ်မှုမရှိခြင်း(တနည်း) တရားဥပဒေစိုးမိုးမှု မရှိခြင်း စသည့် အချက်များကြောင့် ဆင်းရဲရသည်။ စင်ကာပူနိုင်ငံသည် သယံဇာတအားဖြင့် ဘာမျှမထွက်။ သို့သော် မိမိနိုင်ငံကို ချမ်းသာကြွယ်ဝအောင် လုပ်ဆောင်နိုင်ပေသည်။ Natural Resource + Technology + Regulation = Wealth State Natural Resource + Technology – Regulation = Fail State